လုပ္ေဖာ္ကိုင္ဖက္ေတြကို လိုက္လံႏႈတ္ဆက္ျပီး ေရကန္ထဲခုန္ခ်သြားတဲ႔ ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားတစ္ဦး

Zawgyi/Unicode

ၿပီးခဲ့သည့္ ၆ ရက္ေန႔တြင္ နေခၚပထုန္ခရိုင္၊ကမ္ဖယ္စဲၿမိဳ႕နယ္၊ ေဒါင္ခြယ္အုပ္စုရွိ ကြတ္တီယိုမုန္႔ဖတ္စက္ရံုတစ္ခု၏ ေရဆိုး သန္႔စင္ကန္ထဲသို႔ ျမန္မာလုပ္သားတစ္ဦး ခုန္က်ၿပီး ကိုယ့္ကိုယ္ကိုအဆံုးစီရင္သည္ဟု ကမ္ဖယ္စဲၿမိဳ႕မရဲစခန္းမွ တိုင္းၾကားခ်က္ရရွိၿပီးေနာက္ အခင္းျဖစ္ပြားရာေနရာသို႔လုိုက္လံစစ္ေဆးခဲ့ရာေရကန္ထဲမွစယ္ထုတ္လာသည့္အေလာင္းကို ျမန္မာလုပ္သားမ်ား၀ိုင္းရံေနသည္ကိုေတြ႔ရၿပီး ေရဆိုးသန္႔စင္ကန္ေဘာင္နားတြင္ဖိနပ္တစ္ရံႏွင့္ ဦးထုပ္တစ္လံုးကိုလည္း ေတြရွိရသည္ဟုထုိင္းရဲကဆိုသည္။

ေသးဆံုးသူ၏လုပ္ေဖာ္ကိုင္ဖက္မ်ားကိုေမးျမန္းခ်က္အရေသဆံုးသူသည္ အသက္ ၃၇ ႏွစ္ရွိ ေက်ာ္မင္ထြန္း ျမန္မာနိုင္ငံသားျဖစ္ၿပီး ကြတ္တီယိုမုန္ဖတ္စက္ရံုအလုပ္သမားတစ္ဦးျဖစ္
သည္ဟု သိရသည္။ ၿပီးခဲ့သည့္ ၂ ရက္ခန္႔တြင္ ေသဆံုးသူသည္မည္သူနဲ႔မွစကားေျပာဆိုျခင္းမျပဳဘဲ ေငးမိုင္ေနသည္ကို ေတြ႔ရၿပီးလုပ္ေဖာ္ကိုင္ဖက္မ်ား၏ေနထုိင္ရာအခန္းတိုင္းကိုတံခါးလိုက္ေခါက္ၿပီးလက္အုပ္ခ်ီျပသည္ဟုသိရသည္။

အဆိုပါလုပ္ရက္အေပၚတအံ့တၾသျဖစ္ၾကေသာ္လည္း မည္သူကမွေမးျမန္းျခင္းမျပဳခဲ့ဟု သိရသည္။ ညေနပိုင္းတြင္ေသဆံုးသူအလုပ္လာဆင္းသည္ကိုမေတြ႔ရဘဲ ေပ်ာက္ဆံုးေနသျဖင့္ ၀ိုင္း၀န္းရွာေဖြရာမွ ေရဆိုးသန္႔စင္ကန္အနီးတြင္ ေသဆံုးသူ၏ ဖိနပ္ႏွင့္ဦးထုပ္ကိုေတြ႔ရွိရျခင္းေၾကာင့္ ေရကန္ထဲခုန္ခ်ၿပီးအဆံုးစီရင္သည္ဟုခန္႔မွန္းရ၍ ေရငုပ္ရွာေဖြသည့္ ေနာက္အေလာင္းကိုေတြ႔ရွိရသည္ဟုသိရသည္။

ေသဆံုးသူသည္ မိမိ၏ကိုယ္ေရးကိုယ္တာကိစၥမ်ားနဲ႔ပတ္သက္ၿပီးလုပ္ေဖာ္ကိုင္ဖက္မ်ားကိုထုတ္ေဖာ္ေျပာျပေလ့မရွိသည့္အတြက္ကိုယ့္ကိုယ္ကိုအဆံုးစီရင္ရသည့္အေၾကာင္းရင္းအမွန္မသိရွိရေၾကာင္းႏွင့္ရင္ခြဲစစ္ေဆးရန္အတြက္ အေလာင္းကိုကမ္ဖယ္စဲေဆးရံုသုိ႔ပို႔ေဆာင္ထားသည္ဟု သိရသည္။

Unicode

ပြီးခဲ့သည့် ၆ ရက်နေ့တွင် နခေါ်ပထုန်ခရိုင်၊ကမ်ဖယ်စဲမြို့နယ်၊ဒေါင်ခွယ်အုပ်စုရှိ ကွတ်တီယိုမုန့်ဖတ်စက်ရုံတစ်ခု၏ ရေဆိုးသန့်စင်ကန်ထဲသို့ မြန်မာလုပ်သားတစ်ဦး ခုန်ကျပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်သည်ဟု ကမ်ဖယ်စဲမြို့မရဲစခန်းမှ တိုင်းကြားချက်ရရှိပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့လိုုက်လံစစ်ဆေးခဲ့ရာရေကန်ထဲမှစယ်ထုတ်လာသည့်အလောင်းကို မြန်မာလုပ်သားများဝိုင်းရံနေသည်ကိုတွေ့ရပြီး ရေဆိုးသန့်စင်ကန်ဘောင်နားတွင်ဖိနပ်တစ်ရံနှင့် ဦးထုပ်တစ်လုံးကိုလည်း တွေရှိရသည်ဟုထိုင်းရဲကဆိုသည်။

သေးဆုံးသူ၏လုပ်ဖော်ကိုင်ဖက်များကိုမေးမြန်းချက်အရသေဆုံးသူသည် အသက် ၃၇ နှစ်ရှိ ကျော်မင်ထွန်း မြန်မာနိုင်ငံသားဖြစ်ပြီး ကွတ်တီယိုမုန်ဖတ်စက်ရုံအလုပ်သမားတစ်ဦးဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် ၂ ရက်ခန့်တွင် သေဆုံးသူသည်မည်သူနဲ့မှစကားပြောဆိုခြင်းမပြုဘဲ ငေးမိုင်နေသည်ကို တွေ့ရပြီးလုပ်ဖော်ကိုင်ဖက်များ၏နေထိုင်ရာအခန်းတိုင်းကိုတံခါးလိုက်ခေါက်ပြီးလက်အုပ်ချီပြသည်ဟုသိရသည်။

အဆိုပါလုပ်ရက်အပေါ်တအံ့တသြဖြစ်ကြသော်လည်း မည်သူကမှမေးမြန်းခြင်းမပြုခဲ့ဟု သိရသည်။ ညနေပိုင်းတွင်သေဆုံးသူအလုပ်လာဆင်းသည်ကိုမတွေ့ရဘဲ ပျောက်ဆုံးနေသဖြင့် ဝိုင်းဝန်းရှာဖွေရာမှ ရေဆိုးသန့်စင်ကန်အနီးတွင် သေဆုံးသူ၏ ဖိနပ်နှင့်ဦးထုပ်ကိုတွေ့ရှိရခြင်းကြောင့် ရေကန်ထဲခုန်ချပြီးအဆုံးစီရင်သည်ဟုခန့်မှန်းရ၍ ရေငုပ်ရှာဖွေသည့် နောက်အလောင်းကိုတွေ့ရှိရသည်ဟုသိရသည်။

သေဆုံးသူသည် မိမိ၏ကိုယ်ရေးကိုယ်တာကိစ္စများနဲ့ပတ်သက်ပြီးလုပ်ဖော်ကိုင်ဖက်များကိုထုတ်ဖော်ပြောပြလေ့မရှိသည့်အတွက်ကိုယ့်ကိုယ်ကိုအဆုံးစီရင်ရသည့်အကြောင်းရင်းအမှန်မသိရှိရကြောင်းနှင့် ရင်ခွဲစစ်ဆေးရန်အတွက် အလောင်းကိုကမ်ဖယ်စဲဆေးရုံ သို့ပို့ဆောင်ထားသည်ဟု သိရသည်။

သတင္း-Myanmar Live

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!