ကားနဲ့ ရေတိမ်တိမ်လေးထဲမှာ ကျခဲ့ပေမယ့် လူက၀လွန်းလို့ ကားအပြင် မထွက်နိုင်ဖြစ်ကာ ရေတိမ်နစ်သေဆုံးခဲ့ရသူ

ဝလွန်းတဲ့သူများေ၇ာဂါတိုးပွား

Oct 8,2019

ကမ္ဘောဒီယား နိုင်ငံ ကပေါင်းကျန် ပြည်နယ် က လွှတ်တော်အမတ် တစ်ဦး မောင်းလာတဲ့ကား ရေထဲထိုးကျတိမ်းမှောက်သွားခဲ့တာပါ။ အစားများပြီး အ၀ လွန်နေသူဖြစ်လို့  ရေနစ်နေတဲ့ ကားထဲက မထွက်နိုင် ဖြစ်ပြီး ရေတိမ်နစ် သေဆုံးခဲ့ရတာပါ။၂၀၁၉ ခုနှစ် ကမ္ဘာ့လူဦးရေဟာ သန်းပေါင်း ၇၇၀၀ ရှိလာရာမှာ သန်း ၂၀၀၀ ကျော်ဟာ အ၀လွန်နေကြသူတွေလို့  စစ်တမ်းတွေအရ သိရပြီးဝလွန်းလို့ေ၇ာဂါစုံနဲ့  သေဆုံးနေ၇ာသူပေါင်း တနှစ်ကိုသုံးသန်းကျော် ၇ှိနေပါတယ်။

ဝင်ငွေကောင်းပြီး လူးတန်းစေ့နေနိုင်သူတွေဟာ ဘီယာနဲ့  အဆီအဆိမ့် တွေ အစားသောင်းကျန်း ပြီး ၀လွန်းတဲ့သူတွေဖြစ်လာပါတယ်။ ရောဂါများပြီး ဆေးရုံဆေးခန်းတွေကို ကုန်တိုက် လျှော့ပင်ထွက်နေသလို အမြဲ ပြနေကြ ရတဲ့ သူတွေဖြစ်လာကာ အသက်တိုပါတယ်။

ထိုင်းနိုင်ငံမှာ လူတွေတင်မက ဘုန်းကြီးတွေပါ အ၀ လွန်လာလို့  ကျောင်းတိုက်တွေမှာ ကျန်းမာရေး ပညာပေးနေရပါတယ်။ဝလာသူတိုင်းဟာ ဗိုက်ပူလာတာက အစာအိမ်တွင်းက အူတွေဖေါင်းပွပြီး ကြပ်လာတာပါ၊ အူလမ်းကြောင်း တွေမှာ အဆီတွေပိတ်လာတာနဲ့ သွေးလည်ပါတ်မှုစနစ်ကိုပါ ထိခိုက်ပြီး သွေးလေမူမမှန် ခေါင်းမူးတာ ခေါင်းကိုက်တာ အကြောတက်တာတွေမကြာခဏ ဖြစ်လာပါလိမ့်မယ်။

အမေရိကန်နိုင်ငံမှာ နေထိုင်နေကြသူ သုံးဦးမှာ နှစ်ဦးဟာ အ၀လွန်နေတဲ့သူများပါတယ်။ အမေရိကန်ရဲ့  ကျန်းမာရေး အာမခံ စနစ် ကောင်းလို့  ပြည်တွင်းမှာသာမက ပြည်ပကေ၇ာက်နေတဲ့ နိုင်ငံရဲ့ အထူးကုဆေးရုံတွေမှာ ကျန်းမာရေး အာမခံ ကပ်ပြားသုံးပြီးကုသခွင့် ရနေတော့အေးဆေးဘဲဆိုတဲ့ ၀လွန်းသူ သူငယ်ချင်း ဟာဆေးရုံဟာ မယားငယ်အိမ်လို ဖြစ်ပြီး သတိယလို့  ဖုန်းဆက်တိုင်း ဆေးရုံေ၇ာက်နေတာ ကိုယ်တွေ့ ဖြစ်ပါတယ်။

အ၀လွန်တဲ့ သူတိုင်း အဖြစ်များတဲ့ေ၇ာဂါတွေ ဟာ

Type 2 Diabetes ဆီချို

High Blood Pressure သွေးပေါင်ချိန်တက်

Heart Disease နှလုံးေ၇ာဂါ

Stroke လေဖြတ်

Cancer ကင်ဆာ

Sleep Apnea အိပ်ပျော်နေချိန် အသက်ရူရပ် တန့် 

Osteoarthritis အရိုးအဆစ်ရောင် ခြင်း လမ်းမလျှောက်နိုင်ဖြစ်။

Fatty Liver Disease အသဲအဆီဖုံး

Kidney Disease ကျောက်ကပ်

Pregnancy Problemsကိုယ်ဝန်ဆောင်မိခင်များ မွေးရခက်ခဲ အသက်သေဆုံးရ။

အကောင်းဆုံးကတော့ မိမိကိုယ် ပေါင်ချိန်တွေ တက်မလာအောင်သကြားများတဲ့  အစားအသောက်တွေလျှော့ စား အချို အဆီအဆိမ့် တွေ များများမစားမိအောင်သတိထားေ၇ှာင်ရမှာ ပါ။

ကိုယ်တွင်းမှာ အဆီချပေးနိုင်တဲ့  အသီးအရွတ်ဖျော်ရေကိုပုံမှန်သောက်ပေးရပါလိမ့်မယ်။

မိမိကြိုက်နှစ်သက်တဲ့ အားကစားတစ်ခုကို ပုံမှန် လုပ်ပေးဘို့  လိုပါတယ်။

အကော င်းဆုံးက ငွေကုန်သက်သာတဲ့  လေကောင်းလေသန့် ရတဲ့ နေရာမှာ တနာရီခန့် လမ်းလျှောက်ပေးခြင်းဖြစ်ပါတယ်။

SAW

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!