ရိုးရာ နတ်ကွန်းအိမ်ကို ခေတ်မှီ 5G ဒီဇိုင်းသစ် ပုံစံပြောင်းခဲ့သူ ရုတ်တရက် ကွယ်လွန်

ထိုင်းနိုင်ငံ ဆိုရှယ် မီဒီယာတွေမှာ နာမည်ကြီးနေသူ ချိုင်ရားပွန်း ခရိုင်ကငါးဂျီ နတ်ကွန် တီထွင်သူ အသက် ၄၂ နှစ် နိုင် အဒူ ရုတ်တရက် သေဆုံးရတာဟာ ၇ိုးရာမပျက် အဆင်ပြေနေတဲ့ စန်ဖပွန် နတ်ကွန်းအိမ်ကို ပုံစံပြောင်းပြီး ကိုးကွယ်ခဲ့လို့ ဖြစ်တယ်လို့  ယုံကြည်သူတွေက မှတ်ချက်ပေးကြပါတယ်။

အစဉ်အလာမပျက်၊ ဘာ ပြသနာမှ မတက်ခဲ့တဲ့ အင်္ဂတေ ရိုးရာနတ်ကွန်းအိမ်ကို ဒီဇိုင်းသစ်ထွင် ခဲ့လို့ ငါးဂျီနတ်ကွန်း မကြာခင်ရက်ပိုင်းအတွင်းက ဆိုရှယ် မီဒီယာတွေမှာ နံမည်ကြီးနေခဲ့တာဖြစ်ပါတယ်။

သူ့ နတ်ကွန်းအိမ်ပုံစံသစ်လို လိုက်ပြောင်းလိုသူတွေကလည်း (၅ဂျီ) နတ်ကွန်းတွေကို နတ်ကွန်းအိမ် တွေ တီထွင်သူ နိုင်အဒူဆီမှာ အော်ဒါမှာနေခဲ့ကြပါတယ်။

နိုင်အဒူဟာ ညပိုင်း အိပ်ပျော်နေတဲ့အချိန် အော်သံ သုံးကြိမ်ကြားရပြီး
အသက်မရူတော့တာလို့  ဇနီးဖြစ်သူကပြောပါတယ်။ ဆေးရုံကစစ်ချက်အရ ၀ တဲ့သူတွေမှာဖြစ်တတ်တဲ့ နှလုံးသွေးကြောပိတ် သေဆုံးရတာလို့ 
သိရပါတယ်။

နိုင်အဒူရဲ့  ဖြစ်ရပ်ဟာ ပုံမှန်အကောင်းသား ပြောင်းမှသေဆိုတဲ့အတိုင်းပါ၊ တကယ်ဆို သူ့ ဘာသူ လွယ်လွယ်ကူကူ ကိုးကွယ်ရနေတာကို ဆောက်လုပ်ရတာ ပိုခက်ပြီး အကုန်အကျများတဲ့ ငါးဂျီ နတ်ကွန်းကို ထွင်ပြီ့း  အစားထိုးဘို့  လုပ်ခဲ့တာ လို့ လည်း သိရပါတယ်။

SAW

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!