ဆိုင်ကယ်ချင်းချိတ်မိရာက ကားအောက်ရောက်သွားပြီး. . . .ကားသမားက ထွက်ပြေးသွား

၁၀, ၁၀, ၂၀၁၉နေ့ရက် လွန်ခဲ့တဲ့ နာရီဝက်လောက်က ကလေးမြို့ တာဟန်း ဆိုလာစီဘီယာဆိုင်ရှေ့ ဆိုင်ကယ်အား ကားတစ်စီးမှတိုက်ပြီးထွက်ပြေးသွားပါတယ်‌

အတိုက်ခံရသူမှာ မမိုးသင်‌ဇာခိုင်‌ အင်းကျွန်းကပါတဲ့ ကားကတက်ကြိတ်သွားတာမို့ အရေးပေါ်ကားမရောက်ခင်ပဲဆုံးသွားပါတယ်တဲ့ စာ‌ပေးစာယူလာတက်‌တဲ့က‌လေးမ‌လေးပါ
တိုက်သွားသောကားလည်းမိပြီဖြစ်ကြောင်းသိရပါတယ်

ကားကိုကုန်‌စိမ်းပွဲရုံက အမကြီးတ‌ယောက်‌က‌တွေ့လိုက်‌သလို နံပါတ်‌လည်း မှတ်‌မိလိုက်‌ပါတယ်‌ နီဆန်းအိတ်‌စထာကပ်‌နာဗာတာ အမျိုးအစား ခဲပုတ်‌‌ရောင်‌ပါ ကားသမားဟာ အ‌ခြေအ‌နေကိုတ‌ခေါက်‌ပြန်‌‌မောင်းပြီးလာကြည့်ရင်း ပြန်‌ဖြတ်‌သွားတာကို မှတ်‌မိသူများက ကားသွားရာအ‌နောက်‌ဖက်‌ကိုလိုက်‌ကြတာမှာ ‌ဒေါက်‌တာအကွီးတို့အိမ်‌‌ရှေ့နားမှာကားကိုရပ်‌ထားပြီး လူက‌တော့ထွက်‌‌ပြေးသွားပါတယ်‌

ကား‌ပေါ်မှာလူနှစ်‌‌ယောက်‌ပါတယ်‌လို့‌ပြောပါတယ်‌ ကားကမန်းလေးလိုင်‌စင်‌ဖြစ်‌ပြီး အုံနာဘုတ်‌ ပိုက်‌ဆံအိပ်‌ နဲ့အတူဖုန်း တလုံးလဲကား‌ပေါ်ရခဲ့ပါတယ်‌ ‌သော့မထားခဲ့လို့ ကားကိုရဲစခန်း ဆွဲယူသွားရပါတယ်‌

ဖြစ်‌စဉ်‌က‌တော့ ကားသမားကဆွမ်း ခံရင်းငှက်‌သင့် တာလို့‌ပြောရမှာပါ ဆိုင်‌ကယ်‌နဲ့က‌လေးမ ဟာ တခြားဆိုင်‌ကယ်‌တစ်စီးနဲ့ ချိတ်‌မိပြီးယိုင်‌သွားရာမှ လူကကား‌ရှေ့‌ရောက်‌သွားပြီးကြိတ်‌မိသွားတာလို့ မြင်‌‌တွေ့လိုက်‌တဲ့သူများက‌ပြောပြပါတယ်‌ ဆိုင်‌ကယ်‌ကို‌တောင်‌မတိုက်‌မိဘူးလို့‌ပြောကြပါတယ်‌
ကားသမားကိုဖမ်းဆီးရမိနိုင်‌‌ရေးရဲတပ်‌ဖွဲ့မှကျိုးစား‌နေပါတယ်။

Source : Ka Pho Tin

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!