ထိုင်းကို အလုပ်သွားလုပ်ဖို့ စိတ်ကူးထားရင် ဒီ Post လေးကို အရင်ဖတ်ပါ
>>>#Zawgyi
ထိုင်းနိုင်ငံထဲရှိ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနှင့်လည်းအချိန်မရွေးအလုပ်ကနေ အကြောင်းပြချက် တင်ပြီး အလုပ်ထုတ်နိုင်သလို၊ လခပုံမှန်ရှင်းမပေးနိုင်တော့ခြင်း၊ အိုတီများမရှိတော့ခြင်းစသည့် ဝင်ငွေနှင့်ထွက်ငွေ ချင့်ချိန်သုံးနေရတဲ့ အချိန်ပါ။
နောက်ပြီး ထိုင်းအလုပ်တွေကို ဝင်ပြီးလုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား တွေကိုလည်း အဆက်မပြတ်ဖမ်းဆီးမှုတွေ လုပ်နေကြသလို အထောက်အထားပြည်စုံသူတွေကို သက်တမ်းတိုးပေးတဲ့နေရောတွေမှာလည်း ကုန်ကျစရိတ်တွေ တိုးကောက်နေကြတာလည်းတွေ့ရပါတယ်။
မိမိနိုင်ငံမှာ အဆင်မပြေလို့ တိုင်းတစ်ပါးမှာ အလုပ်ထွက်လုပ်ချင်ကြတယ်ဆိုလျှင်၊ ထိုင်းနိုင်ငံမဟုတ်တဲ့ တခြားနိုင်ငံတွေမှာဘဲထွက်လုပ်တာ အားပေးချင်ပါတယ်၊ ထိုင်းနိုင်ငံရဲ့ လက်တလောစီးပွားရေး အခြေအနေအရဆိုလျှင် လာဖို့ အာမပေးချင်တော့ပါ။
>>>#Unicode
ထိုင်းနိုင်ငံမှာ အလုပ်ရုံတွေလဲ အဆက်မပြတ်ပိတ်နေကြပြီအလုပ်အကိုင် မရှိတဲ့ အလုပ်လက်မဲ့ အလုပ်သမားတွေလဲ5 သန်းဦး အထိရောက်ရှိနေပြီး ပိတ်ပစ်လိုက်တဲ့အလုပ်ရုံပေါင်းလည်း 6000 ကျော်ရှိပြီလို့လည်းသိရပါတယ်။ထိုကြောင့် ထိုင်းကိုဝင်လာချင်ရင် ထိုင်းနိုင်ငံရဲ့ လက်ရှိစီးပွားရေး အခြေအနေကို လေ့လာစေချင်ပါတယ်။
ထိုင်းနိုင်ငံထဲရှိ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနှင့်လည်းအချိန်မရွေးအလုပ်ကနေ အကြောင်းပြချက် တင်ပြီး အလုပ်ထုတ်နိုင်သလို၊ လခပုံမှန်ရှင်းမပေးနိုင်တော့ခြင်း၊ အိုတီများမရှိတော့ခြင်းစသည် ဝင်ငွေနှင့်ထွက်ငွေ ချင့်ချိန်သုံးနေရတဲ့ အချိန်ပါ။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး အဆင်ပြေနေသူများနှင့်အဆင်မပြေတဲ့ အလုပ်သမားများ နှိုင်းယှဉ်ရလျှင် သိပ်မကွာခြားလှပေ။ ဒီကြားထဲ အလုပ်သမားဥပဒေက အပြောင်းအလဲ မြန်ဆန်
မှုတွေရယ် အလုပ်သမားဥပဒေ ကြပ်တည်းမှုတွေ ဖြစ်ပေါ်လာတာရယ်နှင့် ပတ်သက်ပြီး၊ စာရွက်စာတမ်းကိစ္စများနှင့် အခက်ကြုံတွေနေရသည့် ထိုင်းရောက်အလုပ်သမားတွေလည်း၊ မရွေမတွက်နိုင်အောင် ဖြစ်နေကြပြီ….။
နောက်ပြီး ထိုင်းအလုပ်တွေကို ဝင်ပြီးလုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ညတွေကိုလည်း အဆက်မပြတ်ဖမ်းဆီးမှုတွေ လုပ်နေကြသလို အထောက်အထားပြည်စုံသူတွေကို သက်တမ်းတိုးပေး တဲ့နေရောတွေမှာလည်း ကုန်ကျစရိတ်တွေ တိုးကောက်နေကြတာလည်းတွေ့ရပါတယ်။
မိမိနိုင်ငံမှာ အဆင်မပြေလို့ တိုင်းတစ်ပါးမှာ အလုပ်ထွက်လုပ်ချင်ကြတယ်ဆိုလျှင်၊ ထိုင်းနိုင်ငံမဟုတ်တဲ့ တခြားနိုင်ငံတွေမှာဘဲထွက်လုပ်တာ အားပေးချင်ပါတယ်၊ ထိုင်းနိုင်ငံ လက်တလောစီးပွားရေး အခြေအနေအရဆိုလျှင် လာဖို့ အာမပေးချင်တော့ပါ။
မူရင်းဆောင်းပါး-ကိုချစ်လုပ်သား
ပြန်လည်ဖြန့်ဝေလိုပါက မူရင်းအား ခရေးဒစ်ပေးပါ
gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!