” ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ” ဆိုပြီး ပွဲစဉ်အချိန်တွေ နှင့် ကြည့်ရှုနိုင်မယ့် ရုပ်သံလိုင်းတွေကို ကြေငြာပေးလိုက်တဲ့ အောင်လအန်ဆန်

ကျွန်တော်.ယှဉ်ဆိုင်ထိုးသတ်ဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီ..🔥နည်းပြကြီး @henrihooft ကဒီနေ့လေ့ကျင့်မှုပြီးဆုံးခါနီးမှာတော့.ပြင်းထန်တဲ့ခြေကန်ချက်တွေများများပြုလုပ်စေပါတယ်..

လက်ဝှေ့အိတ်အတွက်@combatcrnr , အဝတ်အစားအတွက် @gymking @gymkingfightdivision ကိုကျေးဇူးတင်ရှိပါတယ်..🙏

မင်္ဂလာပါ..ပရိတ်သတ်ကြီးခင်ဗျား..

One Championshipအဖွဲ့အစည်းရဲ့ဂျပန်နိုင်ငံမှာ

ကြီးကျယ်ခမ်းနားစွာပြုလုပ်မယ့် Century ပြိုင်ပွဲကြီးဟာ အောက်တိုဘာလ ၁၃ ရက်နေ့မှာပြုလုပ်သွားတော့မှာဖြစ်ပါတယ်

ဒီပြိုင်ပွဲကြီးမှာမြန်မာနိုင်ငံကိုယ်စားပြုကစားသမားအနေနဲ့ ကျွန်တော်နဲ့Phoe”Bushido”Thawတို့ပါဝင်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်..တီဗွီဖန်သားပြင်ပေါ်မှ.Live ကြည့်ရှုအားပေးမယ့်ပရိတ်သတ်ကြီးအတွက်..

Phoe” Bushido “Thawယှဉ်ပြိုင်ထိုးသတ်မယ့်နံနက်ပိုင်းပွဲစဉ် ကတော့မြန်မာစံတော်ချိန် နံနက် ၇ နာရီခန့်တွင် ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပြီး.

ကျွန်တော့် ရဲ့ Light Heavy Weight ခါးပတ်ကာကွယ်ပွဲပါဝင်တဲ့ညနေပိုင်း ပွဲစဉ်ကညနေ ၅ နာရီ ဝန်းကျင်ခန့်တွင်စတင်မှာဖြစ်ပြီးကျွန်တော်နဲ့စိန်ခေါ်သူ ဘရန်ဒန်ဗီရာတို့ဟာပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါသည်..

အားပေးကျမည့်ပရိတ်သတ်များအနေဖြင့်

Skynet Sport HD

Skynet Sport 3 ,

MRTV Entertainment channel များတွင်အားပေးကြည့်ရှုနိုင်ပါတယ်ခင်ဗျား..ဂျပန်တွင် မုန်တိုင်းဝင်ရောက်တိုက်ခတ်နေသော်လည်း

One Championship အဖွဲ့အစည်းမှ Century ပြိုင်ပွဲကိုအစီအစဉ်အတိုင်းဆက်လက်ကျင်းပသွားဖို့ လုပ်ဆောင်လျက်ရှိပါတယ်..

ရုပ်သံကြည့်ရန်

ပရိတ်သတ်အားလုံးကိုကျေးဇူးတင်ပါတယ်..

Photo#crdOriginal

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!