အမျိုးသမီးတဦး လှဲအိပ်နေတဲ့ပုံစံ နဲ့ ဒွိုင်နန်းနွမ် တောင်တန်းက ကြေကွဲစရာ အချစ်ပုံပြင်

အမျိုးသမီးတဦး လှဲအိပ်နေတဲ့ပုံစံ ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် မဲဆိုင်မြို့ အနီးက ဒွိုင်နန်းနွမ်တောင်တန်းကြီးဖြစ်ပါတယ်။

ယိုးဒယားနဲ့ ဗမာ တွေဟာ ရှေးအခါ ကမူ ကိုယ့်မင်းကိုယ့်ချင်း မင်းဆက်ခေတ်က ယခု ဇင်းမယ် (ချင်းမိုင်) လင်ဇင်း (ချင်းရိုင်) ဒေသတွေဟာလည်း ရှမ်းစော်ဘွားတွေ တထီးတနန်း အုပ်ချုပ်ရာ နယ်မြေဒေသတွေဖြစ်ခဲ့ပါတယ်။

ယိုးဒယားပိုင် ဇင်းမယ် လင်းဇင်း ဒေသတွေကို အနော်ရထာမင်းစော ဆင်ဖြူရှင် အလောင်းဘုရား ဘုရင်နောင် စသည်ဗမာမင်းဆက်တွေက အဆိုပါဒေသတွေကို အကြိမ်ကြိမ်သိမ်းပိုက်ခဲ့ကြတယ်လို့  သမိုင်းသုတေင်္သီတွေရဲ့  မှတ်တမ်းမှာ ဖေါ်ပြထားပါတယ်။

ယခုမယ်ဆိုင်မြို့ ဟာ ထိုင်းအခေါ် ထိုင်ယိုင် (ရှမ်းကြီး)တွေအများဆုံးနေထိုင်ရာဒေသပါ ၊ မယ်ဆိုင်မြို့  က နန်းနနွမ် ကျောက်လှိုင်ဂူ (ယခုကျောင်းသား ၁၃ ဦး ပိတ်မိပြန် ပျောက်နေသည့်ဂူ) ရဲ့  သမိုင်းဟာလည်း ရှမ်းစော်ဘွားသမီးတော်တပါးနဲ့ ဆက်စပ်နေတယ်လို့  မယ်ဆိုင်မြို့ သူမြို့ သားတွေ ရဲ့  ရှေးဟောင်းရာဇ၀င်တွေမှာဖေါ်ပြထားပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း လေးရာကျော်ကာလက ရှမ်းစော်ဘွား သမီးတော် တပါးနဲ့  အညတရ မြင်းထိန်း တဦးတို့  ချစ်ကြိုက်ခဲ့ကြပြီး ယခု ဒွိုင်နန်းနွမ်းဒေသကို ထွက်ပြေးလာကြပါတယ်။

မိဘတွေက သဘောမတူ ကြတော့ သူတို့ နှစ်ဦးကိုခွဲဖို့  မြင်းတပ်တွေနဲ့  တောနင်းရှာနေတဲ့အခါ ။ ကိုယ်ဝန် အရင့်အမာဖြစ်နေတဲ့ မင်းသမီးနဲ့ မြင်းထိန်းတို့ ဟာ ကျောက်လှိုင်ဂူကြီးတခု အတွင်း ၀င်ပုန်းအောင်းနေခဲ့ကြပါတယ်။

ကျောက်ဂူအတွင်းမှာ မင်းသမီးဖွက်ပြီး မြင်းထိန်းဟာ တောင်အောက်ကိုအစာရေစာ ရှာဘို့  ထွက်လာခဲ့ရာမှာ မင်းသမီးရဲ့  ဖခင် စော်ဘွားရဲ့  မြင်းတပ်တွေနဲ့ တွေ့ ပြီး အသတ်ခံခဲ့ရပါတယ်။

မင်းသမီးဟာ သူ မချစ်သူ ပြန်ရောက်မလာလို့  စိတ်ပူပန်ပြီင်္း စောင့်မျှော်နေချိန်မှာ ကိုယ်ဝန်အရင့်အမာနဲ့ မနာမကျန်းဖြစ် လဲနေချိန် သူမကိုရှာနေကြတဲ့ မြင်းတပ်တွေ ကျောက်ဂူကြီးနားနီးလာပြီဆိုတာကို သိခဲ့တဲ့အချိန်မှာ မင်းသမီးဟာ သူမဦးခေါင်းကို ကျောက်နဲ့ ထုပြီး သတ်သေခဲ့တယ်လို့  ဆိုပါတယ်။

ဒွိုင်နန်းနွမ် တောင်တန်းကြီးကို အဝေးကကြည့်ရင် အမျိုးသမီးတဦးအိပ်နေတဲ့ပုံဟာ သေဆုံးသွားတဲ့မင်းသမီး ရဲ့  ပုံရိပ်ဖြစ်တယ်လို့  ဒေသခံ တွေကယုံကြည်နေတာပါ။

ကိုယ်ဝန်နဲ့  သေဆုံးသွားခဲ့တဲ့ မင်းသမီးဟာ နန်းန်ွမ်းတောင်တန်းကြီးရဲ့ တောင်ပိုင်မယ်တော်ကြီးလို့  သတ်မှတ်ကိုးကွယ်ကြပါတယ်။

နန်းနွမ် ကျောက်တောင်ကြီးကို အများစုကသိတ်မသွားရဲကြပါဘူး ။

တောကြမ်းတယ် ၊ ကျောက်လှိုင်ဂူထဲဝင်မယ်ဆိုရင် အပြောအဆိုဆင်ချင်ရတယ်၊ တောင်းပိုင်မယ်တော်ကြီး ကိုခွင့်တောင်းပွဲပေးပြီးမှ ၀င်ကြရပါတယ်လို့ ဆိုကြတယ် ။ဝင်ကြည့်တဲ့သူတွေ လမ်းမှားပြီးပြန်မထွက်နိုင်တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

(အဲဒီဂူသမိုင်းကိုရေးသားကြတဲ့စာပေတွေထဲက လွမ်းမောဖွယ်ရာ ဒွိုင်နန်းနွမ် ရဲ့ ဒဏ္ဍာရီ တပုဒ်ဆိုပါတော့)

( ဒွိုင်ဆိုတာ တောင်ကိုခေါ်တာပါ )

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!