” ပဲခူး ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင် ကယ်တင်လိုက်သည့် အသက် (၂) ချောင်း”

‘ပဲခူးဆေးရုံအုပ်ကြီးDrရန်နိုင်မောင် ယနေ့ကယ်လိုက်သည့်အသက်နှစ်ချောင်း’

…ကျမ ဒီနေ့ ရွာဘက်ရောက်နေစဥ်ဖုန်းဝင်လာကာ ညီမလေးနိုင်နိုင်စိုး အစ်မသမီးလေးကိုကယ်ပါအုံး အခုဆေးခန်းမှတဆင့်ဆေးရုံးတက်မှရမယ်ဆိုလို့ ကလေးအသက်တော့ရမယ်မထင် လူကြီးအသက်ရအောင်ယူရမယ်တဲ့

အခုသူ့ယောကျာ်းလက်မှတ်ထိုးရမယ် အလုပ်သွားနေတာမရောက်သေး ပိုက်ဆံကလည်းမရှိ ဆေးရုံးတင်ရပြီဆိုတော့ဘယ်လိုလုပ်ရမလဲ ညီမလေးရယ်ကူညီပါအုံး

ဘယ်သူ့အသက်ပဲရရကယ်ပေးပါ ဆို​ပြီးပူဆွေးသောကအသံလဲ ကျမကြားရောအစ်မဘာမှမပူပါနဲ့ကျမဆရာကြီးကိုအကူအညီတောင်းပေးပါ့မယ်ဆိုပြီး ကျမလဲဆရာကြီးဆီဖုန်းဆက် ချက်ချင်းပါပဲဖုန်းကိုင်ကာ ဟုတ်ကဲ့ပါအစ်မ ကူညီပါ့မယ် အခုအားလုံးလိုအပ်တာမှန်သမျှကူညီပေးပါ့မယ် စိတ်ချပါ အစ်မ ဆိုကာ လူနာရှင်ဘက်မှဖုန်းပြန်ဝင်လာပြီး အခုပဲခွဲခန်းထဲခေါ်သွားပါပြီတဲ့

တစ်အောင့်ကြာတော့ဖုန်းပြန်ဝင်လာ ညီမလေးရေ ကလေးရောမိခင်ပါအသက်ရှင်တယ် အံသြကြပြီးရင်တမမ ရင်တထိတ်ထိတ် နဲ့ဘယ်သူဘာဖြစ်မလဲ ဆိုတဲ့ ပူဆွေးသောကရောက်နေကြတဲ့အချိန်မှာ အသက်နှစ်သက်လုံးရအောင်ကယ်ပေးနိုင်ခဲ့ကြတဲ့ ပဲခူးဆေးရုံအုပ်ကြီးDrရန်နိုင်မောင် နဲ့ ဆေးရုံမှတာဝန်ရှိအဖွဲ့များအားလုံး ကို ပြောမပြတတ်အောင်ကျေးဇူးအထူးတင်ပါကြောင်း

ဂုဏ်ယူလေးစားဝမ်းမြောက်မိပါကြောင်း နှင့် ကျမတို့ပြည်သူတွေ ကျန်းမာရေးဘက်မှ လိုအပ်နေသမျှကို ဆရာကြီးရဲ့ဖြည့်ဆည်းကူညီပေးနေမှုဟာ စရောက်ကတည်းမှယနေ့အချိန်ထိ ဆိုတာ ကျမလက်တွေ့မို့ ပဲခူး​ဆေးရုံအုပ်ကြီး ဆရာကြီးDrရန်နိုင်မောင် အား ဤစာဖြင့်ဂုဏ်​ပြုလေးစားမှတ်တမ်းတင်လိုက်ပါသည်။

းမီးယပ်ဆောင်မှ အထူးကုများ, ဆရာဝန်များ, သူနာပြုများအပါအဝင် ပဲခူးဆေးရုံကြီးမှ တာဝန်ရှိသူအျား အား ဤစာဖြင့်ဂုဏ်​ပြုလေးစားမှတ်တမ်းတင်လိုက်ပါသည်။

Crd. Naing Naing Soe

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!