ဘယ်လိုမိဘတွေလဲဗျာ. . .ကိုယ့်သားသမီးကိုယ် . . .ရက်စက်လိုက်ကြတာ. . .သေတော့ ရထားလမ်းမှာ လာပစ်ထားတယ်

အုတ်ကျင်းမြို့ ရထားသံလမ်းဘေးတွင် စွန့်ပစ်ထားသော အသက် ၁ နှစ် ၈ လ ကလေးငယ်၏ အလောင်းကို စစ်ဆေးရာ မှ ၎င်း ၏ ဖခင်က ကြမ်းပြင်နှင့်ကိုင်ဆောင့် လွှင့်ပစ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှသိရသည်။

အောက်တိုဘာ ၁၁ ရက်နေ့ ည ၉နာရီခွဲခန့်က ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်၊ အုတ်ကျင်းပိုင်း၊ မီးရထားသံလမ်းဘေးရှိ၊ ကိုင်းတောထဲတွင် ကလေးအလောင်း (၁)လောင်းအား အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှ လာရောက်စွန့်ပစ်သွားခဲ့ခြင်း ဖြစ်သည်။

စုံစမ်းရရှိချက်အရ ကလေးငယ် အလောင်းအားစွန့်ပစ်သွားသူမှာ ၎င်းတို့၏ မိဘများဖြစ်သည့် ဆည်မြောင်းလမ်း၊ ပြင်စည်ရပ်ကွက်၊ ပဲခူး မြို့နေသူ အသက် ၂၁ နှစ်အရွယ် ဦးသက်လင်း နှင့် အသက် ၂၀ အရွယ် မဇင်မာအေးတို့ ဖြစ်ကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့မှသိရသည်။

ရဲတပ်ဖွဲ့က ၎င်းတို့ ၂ဦးကို စစ်ဆေးမေးမြန်းရာ ကလေးငယ်အား ဖခင်ဖြစ်သူ ဦးသက်လင်းမှ ပုဆိုးဖြင့် ထုတ်၍ ကျောပိုးလွယ်ကာ ခေါ်ဆောင်လာစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်းနှင့် ကလေးငယ် အလောင်း အား ဇိုင်းတောင်ရပ်ကွက်၊ အုတ်ကျင်းပိုင်း၊ ရန်ကုန်-မန္တလေး မီးရထားလမ်း၊ ကြေးနန်းမိုင်တိုင်အမှတ် (၅၂ နှင့် ၅၃) အကြားတွင် သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည့်အတွက် ရဲတပ်ဖွဲ့က ပဲခူးမြို့၊ အမှတ်(၂)နယ်မြေ ရဲစခန်းတွင် (ပ)၁၅၃၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

သို့သော် ကလေးငယ် အလောင်းနှင့်ပတ်သက်၍ နိုဝင်ဘာ ၅ ရက်နေ့တွင် ဆရာဝန်၏ ဆေးစာထွက်လာခဲ့ရာ ကလေးငယ်မှာ ဦးခေါင်းတွင် ရရှိသော ဒဏ်ရာများဖြစ်သည့် ဦးခေါင်းခွံရိုး ချိုင့်ဝင် ကျိုးခြင်း၊ ဦးနှောက်အမှေးပါး သွေးသွန်ခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ယင်းအတွက် ကလေးငယ် ၏ မိဘ ၂ပါးကို ထပ်မံစစ်ဆေးရာ ဖခင်ဖြစ်သူက ကလေးငယ်ကို ငိုသဖြင့် ကြမ်းခင်းနှင့်ကိုင်ဆောင့် လွှင့်ပစ်ထားခြင်းဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်ဟုသိရသည်။

မဇင်မာအေး(မိခင်)ဖြစ်သူမှာ ဖယောင်းတိုင်ဝယ်ရန် နေအိမ်မှ အပြင်သွားစဉ် ကလေးငိုသဖြင့် နေအိမ်တွင်ကျန်ခဲ့ပြီး အရက်သောက်နေသော ဖခင်ဖြစ်သူ ဦးသက်လင်းမှ ကလေးဦးခေါင်းအား ကိုင်၍ ကြမ်းခင်းနှင့်ကိုင်ဆောင့်ပြီး လွှင့်ပစ် ခဲ့ကြောင်း၊ ကလေးမှာ သစ်သားတိုင်နှင့် ဆောင့်မိကာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် ကလေးအလောင်းအား သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံ စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုထားသည်။

လက်ရှိတွင် ကလေးငယ်မိဘ ၂ပါးကို ရာဇသတ်ကြီးပုဒ်မ (၃၀၄-က/၃၁၈ မှ ၃၀၂/၃၁၈ (လူသတ်မှု/ကလေးအလောင်း ဖျောက် ဖျက်မှု) တို့ဖြင့် ပြောင်းလဲအမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ကဆိုထားသည်။…..

#(သတင်းတမန်)

Photo – #ပဲခူးတိုင်းရဲတပ်ဖွဲ့

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!