ငရုပ်သီးမှုန့်အစစ်၊ နနွင်းမှုန့် အစစ် ကြိတ်ရောင်းသူတွေကို အလဲထိုးခဲ့တဲ့ ဆိုးဆေး

ရက်စက်လိုက်တာဆိုးဆေးတွေရယ်ငရုတ် ဖလံဖြူမှိုတက်တွေနဲ့ရောတော့ သေ B ဆ ရာ ရေဘယ် ဆီ ကို ရောက် လို့ဘယ် သူ တွေ က စား ကြ ပြီးဘာ တွေ ဖြစ် ကုန် ပြီမ သိ နိုင် ပါ

ကျွန်တော်သိတာတော့ လွန်ခဲ့တဲ့ ၂၅ နှစ်ဝန်းကျင် (ကျွန်တော်မှတ်မိတဲ့) အချိန်တည်းက ဒီနည်းအတိုင်း ရောင်းနေ စားနေနှင့်ကြတာပါ..

ငရုတ်သီးတတောင့်မပါပဲ အရောင်တင်မှုန့်ကြိတ်ရောင်းတာတောင် ရှိတယ်ခင်မျ…ကျွန်တော် မွေးကင်းစကနေ ၉တန်းအထိ အိမ်ရဲ့စီးပွားရေးက အရောင်တင်မှုန့်၊ခွဲကြမ်းဖတ်၊နနွင်းမှုန့် ကြိတ်ရောင်းတာပါ…ပြည်ဘက်တကြောကို လက္ကားဖြန့်တာ…နောက်ဆုံး ဖလန်ထည်(အကြောင် လို့လည်း ခေါ်ပါတယ်)တတောင့်လောက်တောင်မပါတဲ့ ပဲခွံနဲ့ ကြိတ်ပြီး လာသွင်းတဲ့ကောင်တွေကို မယှဉ်နိုင်လို့ လုပ်ငန်းပျက်တဲ့အထိ ဖြစ်ခဲ့တာပါ…

ငြုပ်သီးချည်းသပ်သပ်ကြိတ်ရောင်းရင်လည်း ဈေးအင်မတန်ကြီး၊ဟင်းအ‌ရောင်မတက် တဲ့အပြင် ကြာကြာအထားမခံဘူး…၁၉၉၈-၉၉လောက်မှာ ဖလန်ထည်နဲ့ ဖွဲနုအရော အရောင်တင်မှုန့် တပိဿာ လက္ကားဈေး ၂၅၀၊၃၀၀ ကျပ်နဲ့ ဖြန့်တဲ့အချိန်မှာ ပဲခွံအရောင်တင်မှုန့်ဆရာတွေက ၁၅၀ ဈေးနဲ့ ကို့ဖောက်သည်တွေဆီ ဝင်စပ်တာဆရာ…နယ်တွေကို ဘုတ်ဆုံမ၊ဆင်ဖြူတော်တို့ ဝင်ကာစ အချိန်တွေပေါ့…

ကုန်ချိန် ၄၀၀ လောက်ကို အရောင်လှဖို့ ရေဆေး ၂ပေါင်ခွဲနဲ့၊မှိုမတက်ဖို့ ဆီဆေး(ကျနော်တို့အခေါ် ငါးရာပန့်)က လွင်မဆလာ အထုပ်သေးတထုပ်စာ သုံးရတယ်ဆရာ…ဒီဆေးတွေကိုက သိမ်ကြီးဈေး B ရုံလားပဲ ဆိတ်သားတွေရောင်းတဲ့ အတန်းထဲ သွားဝယ်ရတာ…

ဘာလို့သိလည်းဆိုတော့ ကျွန်တော် ၂ တန်းတည်းက အဖေနဲ့လိုက်ပြီး မြစ်သားဘက် ငြုပ်သီး လိုက်ကောက်၊ပဲခူးကို ရထားနဲ့တင်၊ ပွဲရုံတွေပြန်သွင်း၊ကိုတိုင်လည်း ကြိတ်၊လက်ပံတန်း..ကြို့ပင်ကောက်..နတ္တလင်း..ပေါင်းတည်ဘက်တွေ ဈေးရောင်းသွားတွေ ပါနေကြမို့ပါ။

နယ်ဘက်ကလူတွေနဲ့ ဆိုင်သမားတွေက ဟင်းအရောင်တက်ပြီး အထားခံတဲ့ အရောင်တင်မှုန့်ကိုပဲ ကြိုက်ကြတာဆရာ…သူတို့ကိုတိုင် ပြန်ပြောပြတာပါ…ဖွဲနုမရောထားတဲ့ ငြုပ်သီးအစစ်မှုန့်ကို အရောင်မတက်တာကြောင့် မသုံးပါဘူးတဲ့ဗျာ…

ခုချိန် ဈေးထဲရောင်းနေတဲ့ ဖွဲနုမပါတဲ့ ငြုပ်သီးအစစ်မှုန့် ဆိုတာတောင်မှ ရေဆေး၊ဆီဆေး မကင်းပါဘူးဆရာ…ကြာရှည်ခံပြီး မှိုမတက်ဖို့နဲ့ အရောင်လှဖို့ မဖြစ်မနေသုံးကြပါတယ်။

Credit to Ko Win Ko

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!