ကွမ်းဖြတ်ချင်သူတွေ အတွက် လုံးဝ ကွမ်းပြတ်စေမယ့် အမှန်အကန် ကွမ်းဖြတ်နည်း

ငါကွမ်းမစားတော့ဘူးလို့ ဆုံးဖြတ်ချက်ခိုင်မာစွာချပါ။ (သုံးကြိမ် တိတိမနက်နိုးတိုင်းကြွေးကျော်ပါ)။

ကိုယ်အကြိုက်ဆုံး ဆေးဖြင့် ကိုယ်စားနေကြဆိုင်မှ ကွမ်း (100)ဖိုးဝယ်ပါ။ (မစားဘူး) ဟူသောစာအား ရေးပြီး ကွမ်းယာထုပ်နှစ်ဘက်လုံးတွင်ကပ်ထားပါ(အောက်ပုံပါအတိုင်း) ။ ကွမ်းစားချင်တဲ့စိတ် ဖြစ်လာတိုင်း (မစားဘူး) ဟု ကပ်ထားသောကွမ်းယာထုပ်ကို မြင်ယောင်နေမှာပါ ။ ကိုတောင် မကိုင်ဖြစ်တော့ပါဘူး ။

အပြင်သွားတိုင်း ထိုကွမ်းယာထုပ်အားယူသွားပါ မမေ့ခဲ့ပါနဲ့..။ သူများလည်း မကျွေးမိပါစေနဲ့ ။နောက်တစ်နေ့ မနက် ထိုကွမ်းယာထုပ်ကို အမှိုက်ပုံးထဲသို့ထည့်ပြီး ပြတ်ပြီကွာ ဟုကြွေးကျော်ပါ…

နောက်အသစ်တစ်ထုပ်ဝယ်ပြီး စာပြန်ကပ်ပါ…။ကွမ်းစားချင်စိတ်ပျောက်သွားသည့်အထိ ပြုလုပ်ပါ….။လက်ထဲမှာ ကွမ်းယာရှိပြီး မစားပဲနေနိုင်မှ ကွမ်းတကယ်ပြတ်မှာပါ ။ မိတ်ဆွေ စိတ္တသတ္တိ ကောင်းသူတစ်ယောက်ပါ..။

ကွမ်းစားချင်စိတ်ဖြစ်ပေါ်လာတိုင်း ရေငုံထားပါ ။ ကျနော်ဆိုလျှင် ကွမ်းစားချင်စိတ်ဖြစ်လာတိုင်း သရေကျပါတတ်ပါတယ် ရေကို ခဏငုံထားလိုက်ရင် ကတွင်းချဉ်တာ ပျောက်ကင်းသွားပါတယ်ခင်ဗျာ။

(ရေဗူး ဆောင်ထားပါ)။

ကွမ်းစွဲခြင်းသည် ကွမ်းဟူသောအမည်နာမကို စွဲခြင်းမဟုတ် ကွမ်းစားလျှင် ခံစားရသော အရသာ(ဝေဒနာ)ကို စွဲခြင်းဖြစ်ပါသည်။

ဤစာကြောင်းအား အမြဲနှလုံးသွင်း၍ ဆင်ခြင်သုံးသတ်ပါ။ ကွမ်းစားချင်စိတ် ဖြစ်လာတိုင်း သတိရပေးပါ ။ ကွမ်းစားလျင် ခံစားရသော အရသာသည် စားတုန်း ခဏသာဖြစ်ကြောင်း သတိရပေးပါ ။

သွားဆေးခန်းသွားပြီး သွားဂျိုးချွတ်ပစ်လိုက်ပါ…။ မနက်သွားမတိုက်ခင်တိုင်း ဆားအနည်းငယ် ခေတ္တငုံထားပီး ပလုပ်ကျင်းပါ။ ပြီးမှ သွားတိုက်ပါ သွားတိုက်ပြီးတိုင်း မှန်ကြည့်ပီး အရင်တုန်းက သွားပုံစံနှင့် ယှဉ်ကြည့်ပါ။

ငါ့သွား ယခုထက်ပို၍ မပျက်စီးစေရဘူးဟု ဂတိပြုပါ။ ခင်ဗျား ကွမ်းဖြတ်နိုင်သူတစ်ဦး ဖြစ်သွားပြီဟု ကျွန်ုပ်ယုံကြည်ပါတယ်…လုံးဝယုံကြည်ပါတယ်။

ညီအကိုများအားလုံး ယုံကြည်စွာ ရယ်မောနိုင်ကြပါစေ…ခန့်ညားသော အပြုံ့ ပိုင်ရှင်များ အမြန်ဆုံးဖြစ်ကြပါစေ….။

(ဆေးလိပ်ဖြတ်လိုသူများလည်း ၎င်းနည်းကို အသုံးပြုကြည့်ကြပါ)

#မောင်လူ#

(12.5.2018)

(ကိုယ်ပိုင်နည်းဖြင့် ကိုယ်တိုင်ဖြတ်သည်)

Credit — ရွှေစံချိန် အာမခံရတနာရွှေဆိုင်

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!