“ထူးဆန်းတဲ့ မိန်းမတစ်ယောက်ကို ကျနော် ပိုင်ဆိုင်ထားတယ်”

ထူးဆန်းတဲ့ မိန်းမတစ်ယောက်ကျွန်တော့်နားမှာ ရှိတယ်။

ကျွန်တော် ကျရှုံးနေချိန်တုန်းကသူ့အနားက လွတ်မသွားအောင်ကျွန်တော့်လက်ကို တင်းတင်းဆုတ်ထားပြီးဒုက္ခတွေကို အတူရင်ဆိုင်တယ်။

ကျွန်တော် အောင်မြင်သွားတဲ့အခါကျကျွန်တော့်လက်ကို လွှတ်ချလိုက်ပြီးသွားလိုရာ သွား ၊ ပျံ လိုရာ ပျံအချိန်တန်ရင် အိမ်ပြန်လာဖို့ပဲ မှာတယ်။ကျွန်တော် လွတ်လပ်ပေါ့ပါး ပျော်ရွှင်နေတာကိုခပ်လှမ်းလှမ်းကနေကြည့်ပြီး ပြုံးနေတတ်သူ..

…….

ကျွန်တော့် အမေ နဲ့ ကျွန်တော့်ညီမတွေကတစ်ခုခုလိုအပ်ပြီဆို ကျွန်တော့်ကို မပြောဘူး..သူ့ဆီမှာ တိတ်တိတ်လေး ရင်ဖွင့်ပြီးအကူအညီတောင်းတယ်။

သူကလည်း သူပဲ..တစ်ခါသား သူ့လက်ကောက်တွေ မတွေ့လို့မေးကြည့်တော့ ပေါင်ထားတယ်တဲ့။ဘာအသုံးလိုလို့လည်းဆိုတော့ကျွန်တော့်အမေ ငွေလိုတာကို သူ့မှာလည်း
ပေးစရာမရှိတော့ လက်ကောက်ပေါင်ပြီးပေးထားတာ..။

…….

“ကိုရေ..ဘယ်ရောက်နေလဲ”လို့သူဖုန်းဆက်တိုင်း ကျွန်တော်တည်ရှိရာ အရပ်ကို(မကောင်းတဲ့ နေရာ ရောက်နေပါစေ..)ဘယ်တော့မှ မလိမ်ဘူး..

“ကို KTV ရောက်နေတယ်”

“ကို မာဆတ်ရောက်နေတယ်” ဆိုရင်သူပြန်ပြောမှာ နှစ်ခွန်းတည်း။

ပထမ တစ်ခွန်းက

“ကို ဒီည အိမ်ပြန်လာမှာလား..”နဲ့

ဒုတိယတစ်ခွန်းက

“ကောင်မလေးတွေကို မုန့်ဖိုးပေးခဲ့ဖို့မမေ့နဲ့နော်..”

သူ့ရဲ့ စိတ်နေသဘောထားကို ကျွန်တော်နဲ့အနီးကပ်နေသူတိုင်း အံ့သြရတယ်။

“မင်းမိန်းမက သဝန်မတိုပါလား”ဆိုပြီး သူငယ်ချင်းတွေက လာပြောရင်ကျွန်တော်ရယ်ပြီး ပြန်ပြောတယ်။

“အူတိုတတ်တာမှ နှစ်ယောက်မရှိဘူးကွ..”

သူအူတိုတဲ့ပုံက တကယ်ရယ်ရတယ်။ကျွန်တော် လေးစားရတဲ့ ၊ကျွန်တော် ဖြူဖြူစင်စင် ချစ်ခင်ရတဲ့အမျိုးသမီးတစ်ချို့ နဲ့ ကျွန်တော့်ကိုသူက အူတိုတတ်တယ်။

“ကိုယ့်ယောက်ျားက ကိုယ့်မိန်းမထက်တခြားမိန်းမတွေအပေါ် အထင်ကြီးနှစ်လိုတာကို သူက အူတိုတာကွ..

ဖောက်ပြန်ခြင်းတွေ ၊ Sex ကိစ္စတွေ စတဲ့လိင်ကိစ္စတွေအပေါ်မှာသူက အူတိုတာမဟုတ်ဘူး..မင်းနားလည်အောင်ငါလည်း မရှင်းပြတတ်ဘူး..သူက ထူးဆန်းတယ်..”

…….

ကျွန်တော် ဆေးလိပ်သောက်တဲ့အခါကျွန်တော့် ဆေးလိပ်ငွေ့တွေကို လိုက်ရှူပြီး”စီးကရက်သောက်တဲ့ ကို့ပုံစံက အရမ်းမိုက်တာပဲ..”လို့ အမြဲပြောတယ်။ပြီးမှ

“ဆေးလိပ်လျော့သောက်နော် ကိုကို..”လို့ခပ်ပြုံးပြုံးလေး ပြောတတ်တယ်။

ကျွန်တော် ကွမ်းစားတဲ့အခါ92 ဆေးနံ့သင်းနေတဲ့ ကျွန်တော့် နှုတ်ခမ်းကအနံ့ကို သူကြိုက်တယ်လို့ ရီဝေဝေ ပြောလိမ့်မယ်။ပြီးမှ.”ကွမ်းချေးတွေကြောင့် ကိုယ့်သွားထပ်ကိုမမြင်ရတော့ဘူး..”လို့ ပြောတတ်တယ်။

အရက်သောက်တဲ့အခါ ဘေးနားကနေသူက ဘီယာသောက်ရင်းအမြည်းလိုက်စားတယ်..။အိမ်မှာသောက်မယ်ဆို အမြည်းကောင်းကောင်း(နေ့တိုင်း) စီစဉ်ပေးတယ်။
ပြီးရင်

“ကို သုံးပတ်ထက်ပိုနေပြီနော်..”လို့ခပ်လှမ်းလှမ်းကနေ သတိပေးတတ်တယ်။

…………

သူက မလုပ်နဲ့လို့ ဘာတစ်ခုမှ မပိတ်ပင်ပါဘဲနဲ့ကျွန်တော် ကြိုက်တဲ့ တစ်ချို့အကျင့်တွေဟာသူ့ဟာသူ ပြတ်သွားတယ်။

ကွမ်းယာ ဆေးလိပ် ပြတ်သွားတဲ့အပြင်အရက်ကိုပါ လစ်မစ်နဲ့ သောက်တဲ့အကျင့်ဖြစ်နေပြီ။

နျစ်ကိုယ်ကြား ကိစ္စတွေအပါအဝင်ယောက်ျားတစ်ယောက်ရဲ့ အပျော်အပါးတွေကိုသူက လွတ်လပ်ခွင့်ပေးထားပါရက်နဲ့(မသိချင်ယောင် ဆောင်ပေးထားပါရက်နဲ့)ကျွန်တော် ကိုယ့်ကိုယ်ကိုယ်တဖြည်းဖြည်း ထိန်းချုပ်လာနိုင်ခဲ့တယ်။

“မအောင်မြင်တော့လည်း ဘာဖြစ်လဲကိုရယ်..အရင်လို အိမ်သေးသေးလေးမှာထမင်းကြမ်းလေးစားပြီး နေရတာလည်းဘယ်လောက်ပျော်ဖို့ကောင်းလည်း..”ဆိုတဲ့ စကားဟာ ကိုယ့်အတွက်တော့အောင်မြင်မှုအတွက် စိတ်ခွန်အားပဲ..။(ရယ်ရတယ်..နော်..)

ထူးဆန်းတဲ့ မိန်းမတစ်ယောက်ကျွန်တော့်နားမှာ ရှိပါတယ်။

တစ်နေ့ တစ်နေ့ အိမ်လေးထဲမှာတကုတ်ကုတ်နဲ့ ကလေးထိန်းလိုက်ထမင်းချက်လိုက် အဝတ်လျော်လိုက်နဲ့အိမ်ထဲက အိမ်ပြင်မထွက်သော်ငြားတစ်နိုင်ငံလုံးပတ်သွားနေတဲ့ ကျွန်တော့်ရဲ့စိတ်နှလုံးကို ကောင်းကောင်းကြိုးဆွဲထားနိုင်တဲ့အမျိုးသမီးတစ်ယောက် ကျွန်တော့်နားမှာရှိပါတယ်။

ကျွန်တော့်ကို သူဖြစ်စေချင်သလို ပုံမသွင်းပဲကျွန်တော့်ကိုယ်ကျွန်တော်သူဖြစ်စေချင်သလို ပြောင်းလဲလာချင်အောင်ပုံဖော်ပေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကျွန်တော့်အနားမှာ ရှိပါတယ်။

ဒီနေ့ဟာ သူ့မွေးနေ့ပါ..

Happy Birthday ပါ မိန်းမရေ..

တစ်ခုတည်းဆုတောင်းချင်ပါတယ်..သူ့အတွက် မဟုတ်ဘူး..ကိုယ့်အတွက် ကိုယ် ဆုပြန်တောင်းတာ..။

“အဖိုးကြီး အဖွားကြီးဖြစ်တဲ့အထိကို့ အနားမှာရှိနေပေးပါ..နော်..”

You are my Oxygen ပါပဲ..။

I love you and i need you…

Your..

Ko ko 😍

ကိုစိုးထိုက် (ဖဒို) ရဲ့ ကြည်နူးစရာကောင်းလှတဲ့ အရေးအသားလေးကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!