ပရိတ်သတ်ကို လေးစားတန်ဖိုးထားပြီး နိုင်ငံတော်အတွက် တာဝန်ကျေလွန်းလှတဲ့ ခီမောင်နှံရဲ့ လေးစားဖွယ် လုပ်ရပ်

” ရုပ်ရှင်ကားကြီး ဝင်ငွေများမှ နိုင်ငံတော် သို့ သိန်းပေါင်း ၁၈၀၀ နီးပါး အခွန်ဆောင်ခဲ့သည့် ဒါရိုက်တာ ခရစ္စတီးနားခီ”

“ထာဝရနှောင်ကြိုး” ဇာတ်ကားကြီးသည် ရုပ်ရှင်ချစ်ပြည်သူအများ၏ အားပေးချီးမြှောက်မှုကြောင့် ရုံတင်ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင် ရရှိခဲ့တယ် လို့ ဒါရိုက်တာ ခရစ္စတီးနားခီ ကိုယ်တိုင် Fan Meeting မှာ တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ထာဝရနှောင်ကြိုး ရုပ်ရှင်ကား ၏ ရုံတင်ဝင်ငွေထဲမှလည်း နိုင်ငံတော် သို့ သိန်းပေါင်း ၁၁၀၀ ခန့် ထပ်မံ၍ အခွန်ဆောင် သွားမည်ဖြစ်ကြောင်း ဒါရိုက်တာခရစ္စတီးနားခီမှ ထပ်လောင်းပြောကြားခဲ့တာပါပဲ ဖြစ်ပါတယ်။

ရှေ့က နှစ်ကားဖြစ်တဲ့ “ဥပါယ်တံမျဉ် နှင့် မုဒြာရဲ့ ခေါ်သံ” ဇာတ်ကား ၏ နိုင်ငံတော်သို့ အခွန်ဆောင်ခဲ့တဲ့ ပမာဏက သိန်းပေါင်း ၁၈၀၀ ဖြစ်ပြီး ၊ လက်ရှိ ရုံတင်‌ပြသနေဆဲဖြစ်တဲ့ “ထာဝရနှောင်ကြိုး” ဇာတ်ကား၏ အခွန်ဆောင်မည့် ပမာဏ မှာ သိန်းပေါင်း ၁၁၀၀ ခန့် ရှိပြီးဖြစ်ပါကြောင်း သိရှိရပါသည်။

ရုပ်ရှင်လောကမှာ ပထမဦးသော ရုံတင်ဝင်ငွေကို တရားဝင် ချပြခဲ့ပြီး ရုံတင်ဝင်ငွေထဲမှ နိုင်ငံတော်သို့ အခွန်ဆောင်ချင်တဲ့ ဆန္ဒအပြည့်ရှိတဲ့ ပြည်သူချစ်အနုပညာရှင် ခီမောင်နှံ ကို အားပေးရကျိုးနပ်ကြပါတယ်။

အခွန်ဆောင်လိုက်တဲ့ ပိုက်ဆံဟာ ပရိသတ်ရဲ့ ပိုက်ဆံဖြစ်တာကြောင့် ပရိသတ်ကို အသိပေးရခြင်းဖြစ်တာပါတဲ့။တိုင်းပြည်တိုးတက်မှုကို လိုလားတဲ့ ခီမောင်နှံ အတွက် ဂုဏ်ယူပါတယ်။

ရုပ္သံၾကည့္ရန္

DHA NA – ဓန 🧡🧡🧡

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!