၈ တန်းကျောင်းသူလေး အား ကျောင်းဆောင်ဆောက်လုပ်နေတဲ့ အလုပ်သမားက ညာခေါ်ပြီး

ပေါင် ဒီဇင်ဘာ ၃

အသက်၁၃နှစ်၈လရှိပြီး ၈တန်းကျောင်းသူတစ်ဦးကို ရဲပြားကုန်းကျောင်းဆောက်လုပ်နေသော အလုပ်သမားတစ်ဦးက စာသင်ပေးမည်ဟု ညာခေါ်သွားပြီးသားမယားပြုကျင့်ခဲ့သဖြင့်အဖွားဖြစ်သူကရဲစခန်းကို တိုင်ကြားထားပြီးသက်ငယ်မုဒိမ်းမှုဖြင့် ရဲကအမှုဖွင့်စစ်ဆေးနေသည်။

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ ရဲပြားကုန်းတွင် နေသူ မxxxxသည် ဒီဇင်ဘာ ၂ ရက်နေ့ ည၈နာရီက အဖွားဖြစ်သူနဲ့ထမင်းစားပြီးနောက်အိမ်ကပျောက်သွားခဲ့ကြောင်း ည ၁၀နာရီထိ ပြန်မလာ၍ လိုက်ရှာစဉ်အိမ်ရှေ့လမ်းမပေါ်၌ပြန်တွေ့ခဲ့ကြောင်း

မxxxအား ဘယ်သွားနေလဲဟုမေးမြန်းခဲ့ရား ရဲပြားကုန်း စာသင်ကျောင်းသစ် ဆောက်နေသောလုပ်ငန်းမှ လုပ်သား ဖြစ်သူ ချစ်မင်းကို ၁၉ နှစ် (ဘ)ဦးကြည်ဝင်း ၉ရပ်ကွက် ခလိုက်သစ်ရွာ ချောင်းဆုံမြို့နေသူက စာသင်ပေးမည်ဟုပြောဆိုခေါ်သွားပြီး ကျောင်းဆောင်အောက်ထပ်၌ သားမယားပြုကျင်ခဲ့ကြောင်း ပြန်ပြောပြ ခဲ့ကြောင်းသိရသဖြင့်

မxxx၏အဖွားဖြစ်သူ ဒေါ်ခင်မာကြည်မှ မုတ္တမနယ်မြေရဲစခန်း သို့တိုင်ကြား ခဲ့ရာ ရဲစခန်း က (ပ)၁၂၃၄/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးကာတရားခံအားဖမ်းဆီးထားကြောင်းသိရသည်။

ဝရဇိန် ပေါင်

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!