” NLDပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၏ နေအိမ် လက်ပစ်ဗုံး နှင့် အပစ်ခံရ”

၂၀၁၉ဒီဇင်ဘာလ(၃)ရက်(၁၉း၀၅)အချိန်တွင် တမူးမြို့ ဈေးတန်း(၂)ရပ်ကွက်|မာဃလမ်းအိမ်အမှတ်(၂/ဈ၀၄၃)နေNLDပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်
၏နေအိမ်အတွင်း လက်ပစ်ဗုံးတစ်လုံး တွေ့ရှိကြောင်းသတင်းအရဒကစ(ကလေး)မှ ဒု-ဒကစမှူးကြီး ညီညီတင်|ရတခလရ(၂၆၆)ခေတ္တရင်းမှူး ဝေလင်းစိုးဦးစီးအဖွဲ့|

တမူးခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်ဝင်းဦး ဦးစီးအဖွဲ့|ခရရ(တမူး)မှ ခရရမှူး ဒုရဲမှူးကြီးလင်းလင်းနိုင် ဦးစီးအဖွဲ့တို့မှသွားရောက်စစ်ဆေးခဲ့ရာ နေအိမ်ခြံဝင်းအတွင်းခြံစည်းရိုးနှင့် ၈ပေခန့်အကွာ၌91 အမျိုးအစားလက်ပစ်ဗုံး ၁လုံးနှင့် ၃ပေခန့်အကွာ၌ လက်ပစ်ဗုံးကလစ်တို့အားတွေ့ရှိခဲ့ရကြောင်းသိရှိရပါသည်…

၎င်းနောက် နေအိမ်၌ နေထိုင်သောဦးမောင်မောင်လတ်၏ ညီမတော်စပ်သူမဝါဝါဝင်းအားမေးမြန်းခဲ့ရာ (၁၇း၀၀)နာရီခန့်တွင် ၎င်း၏နေအိမ်အရှေ့၌ဆိုင်ကယ်ရပ်တန့်သည့်အသံကြားသဖြင့်အပြင်သို့ထွက်ကြည့်စဉ်ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးမှလက်ပစ်ဗုံးအား နေအိမ်အတွင်း ပစ်ခဲ့သည်ကိုတွေ့ရှိခဲ့သောကြောင့်သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး

(၂၀း၀၅)နာရီတွင် လက်ပစ်ဗုံးအား စအရ(၉၁၆)မှတက အောင်အောင်က စတစ်တကျသိမ်းဆည်း၍ အနက်(၆)ပေခန့်ရှိသောမြေကျင်းအတွင်းမြှပ်နှံသိမ်းဆည်းခဲ့ကြောင်းသိရှိရပါသည်…

ကဘော်ဆုသန်း(CNJ) & KMT

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!