မြန်မြန်ဆန်ဆန် ခရမ်းရောင်ရင်ဖုံးအင်္ကျီလေးနဲ့ ရိုးရိုးလေးလှနေတဲ့ နော်ဖောအယ်ထား…
Unicode
ထူးခြားတည်ငြိမ်တဲ့ အလှတရားကြောင့် ပရိသတ်တွေ အချစ်ပိုနေရသူလေး နော်ဖောအယ်ထားကတော့ ရယ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းသူလေး တစ်ဉီးပါ။ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ သူမကတော့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ချစ်စရာမော်ဒယ်မလေး နော်ဖောအယ်ထားက ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လှလှလေး ပေါ်လွင်အောင် မြန်မာဝတ်စုံလေး ဆင်မြန်းထားတဲ့ သူမရဲ့ ချစ်စရာပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ စိတ်ထားလှတဲ့ နော်ဖောအယ်ထားလေးကတော့ လူလေးကလည်း အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါနော်။
ချစ်ပရိသတ်တွေအတွက် မြင်လိုက်တာနဲ့တင် ရင်အေးသွားစေမယ့် ပျားရည်ထက်ချိုတဲ့ အလှပိုင်ရှင်လေး နော်ဖောအယ်ထားရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ နော်ဖောအယ်ထားကတော့ “မင်းထက်ပိုချစ် တတ်ပါတယ်…. 🎶 ” ဆိုပြီး အရမ်းကိုလှနေတဲ့ သူမရဲ့အလှပုံတွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာပါ။ လှရက်လိုက်တာ ကလေးရယ်…
ချစ်စရာကောင်မလေး နော်ဖောအယ်ထားကတော့ အနုပညာကို ချစ်မြတ်နိုးသူမို့ အမြဲကြိုးစားသင်ယူပြီး သူမရဲ့အရည်အချင်းတွေကို ပရိသတ်တွေအတွက် ချပြဖြစ်နေတာပါ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသွားပါသေးတယ်။ ပရိသတ်တွေလည်း စိတ်ထားလေး အေးချမ်းလို့ တစ်နေ့တစ်ခြား ပိုလှလာတဲ့ နော်ဖောအယ်ထားလေးကို သဘောကျရင်share သွားကြဖို့ မမေ့ပါနဲနော်။
gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!