တိမ္ေတြေပၚကပန္း ႐ုပ္ရွင္ဇာတ္ကားႀကီးကို စင္ကာပူႏိုင္ငံအထိသြားၿပီး ဝန္းရံေပးၾကမယ့္ တန္ခြန္ေက်ာ္နဲ႔ အက္စတာ..

ဒါရိုက္တာဇင္ေယာ္ေမာင္ေမာင္ရဲ႕သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္ကိုယ္တုိင္ တြဲဖက္ဒါရိုက္တာအျဖစ္နဲ႔ရိုက္ကူးတင္ဆက္ထားတဲ့ ပထမဆံုးပြဲဦးထြက္ရုပ္ရွင္ဇာတ္ကားၾကီးျဖစ္တဲ့ တိမ္ေတြေပၚကပန္း ဇာတ္ကားၾကီးကိုေတာ့ မၾကာေသးမီကမွျမန္မာႏုိင္ငံမွာ ရံုတင္ျပသခဲ့ျပီး စင္ကာပူႏုိင္ငံမွာ သြားေရာက္ျပသေတာ့မွာျဖစ္ပါတယ္။

ဒီဇာတ္ကားၾကီးကိုေတာ့ Big 5 Production ကေနစီစဥ္တင္ဆက္တာျဖစ္ျပီး ျမန္မာႏုိင္ငံနဲ႔ကိုရီးယားႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးအတြက္ ရည္ရြယ္ျပီး ရိုက္ကူးထားခဲ့တာပါ။ဒီဇာတ္ကားထဲမွာေတာ့ ခ်င္းျပည္နယ္ရဲ႕အလွအပကို ရင္သပ္ရွုေမာစြာခံစားရမယ့္အျပင္ ငယ္ရြယ္စဥ္ကတည္းက စိတ္ဒဏ္ရာရခဲ့ရတဲ့ အမ်ိဳးသမီးငယ္ေလးတစ္ေယာက္ နလန္ျပန္ထူႏုိင္ဖို႔ခက္ခက္ခဲခဲၾကိဳးစားျပီးမွ ေအာင္ျမင္ခဲ့ပံုကို ရင္သပ္ရွုေမာစြာ ၾကည့္ရွုခံစားရမွာျဖစ္ပါတယ္။

ရိုက္ကူးပံုေဖာ္ခဲ့သူ ဒါရိုက္တာဇင္ေယာ္ေမာင္ေမာင္ကေတာ့ ဒီဇာတ္ကားၾကီးကို တရုတ္ႏွစ္သစ္ကူးရံုးပိတ္ရက္မွာ စင္ကာပူႏုိင္ငံမွာျပသဖို႔စီစဥ္ေနျပီး ခ်င္းျပည္နယ္ကိုရိုက္ကူးထားတဲ့ သူရဲ႕ဇာတ္ကားေလးနဲ႔လုိက္ဖက္ညီစြာ ျမန္မာအုိင္ေဒါ winner ဆုရွင္ အက္စတာနဲ႔ ခ်င္း နာဂေလး တန္ခြန္ေက်ာ္တို႔က လာေရာက္အားေပးၾကတဲ့ပရိသတ္ေတြကို ၾကိဳဆိုႏွုတ္ဆက္သြားမွာျဖစ္ပါတယ္။အခုဆိုရင္ ႏုိင္ငံရပ္ျခားေရာက္ေနတဲ့ ျမန္မာျပည္သူျပည္သားေတြလည္း ျမန္မာ့ရုပ္ရွင္ကို ၾကည့္ရွုခံစားႏုိင္ေအာင္ သြားေရာက္ျပသခြင့္ရတဲ့ဇာတ္ကားေတြလည္း အမ်ားၾကီးရွိလာျပီျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာလည္း ရိုးမေပၚက်တဲ့မ်က္ရည္ကိုျပသလ်က္ရွိျပီး မၾကာခင္မွာပဲ ခ်ည္ရုပ္ရွင္ဇာတ္ကားၾကီးနဲ႔ တိမ္ေတြေပၚကပန္းဇာတ္ကားၾကီးလည္း လာေရာက္ျပသေတာ့မွာျဖစ္ပါတယ္။တိမ္ေတြေပၚကပန္းဇာတ္ကားၾကီးနဲ႔အတူ ပရိသတ္ရဲ႕အခ်စ္ေတာ္ တန္ခြန္ေက်ာ္နဲ႔အက္စတာတို႔လည္း လာေရာက္အားျဖည့္ေပးမွာျဖစ္လို႔ သြားေရာက္အားေပးလို႔ရေအာင္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Unicode

ဒါရိုက်တာဇင်ယော်မောင်မောင်ရဲ့သားဖြစ်သူ မင်းသန့်မောင်မောင်ကိုယ်တိုင် တွဲဖက်ဒါရိုက်တာအဖြစ်နဲ့ရိုက်ကူးတင်ဆက်ထားတဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ တိမ်တွေပေါ်ကပန်း ဇာတ်ကားကြီးကိုတော့ မကြာသေးမီကမှမြန်မာနိုင်ငံမှာ ရုံတင်ပြသခဲ့ပြီး စင်ကာပူနိုင်ငံမှာ သွားရောက်ပြသတော့မှာဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးကိုတော့ Big 5 Production ကနေစီစဉ်တင်ဆက်တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးအတွက် ရည်ရွယ်ပြီး ရိုက်ကူးထားခဲ့တာပါ။ဒီဇာတ်ကားထဲမှာတော့ ချင်းပြည်နယ်ရဲ့အလှအပကို ရင်သပ်ရှုမောစွာခံစားရမယ့်အပြင် ငယ်ရွယ်စဉ်ကတည်းက စိတ်ဒဏ်ရာရခဲ့ရတဲ့ အမျိုးသမီးငယ်လေးတစ်ယောက် နလန်ပြန်ထူနိုင်ဖို့ခက်ခက်ခဲခဲကြိုးစားပြီးမှ အောင်မြင်ခဲ့ပုံကို ရင်သပ်ရှုမောစွာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

ရိုက်ကူးပုံဖော်ခဲ့သူ ဒါရိုက်တာဇင်ယော်မောင်မောင်ကတော့ ဒီဇာတ်ကားကြီးကို တရုတ်နှစ်သစ်ကူးရုံးပိတ်ရက်မှာ စင်ကာပူနိုင်ငံမှာပြသဖို့စီစဉ်နေပြီး ချင်းပြည်နယ်ကိုရိုက်ကူးထားတဲ့ သူရဲ့ဇာတ်ကားလေးနဲ့လိုက်ဖက်ညီစွာ မြန်မာအိုင်ဒေါ winner ဆုရှင် အက်စတာနဲ့ ချင်း နာဂလေး တန်ခွန်ကျော်တို့က လာရောက်အားပေးကြတဲ့ပရိသတ်တွေကို ကြိုဆိုနှုတ်ဆက်သွားမှာဖြစ်ပါတယ်။အခုဆိုရင် နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာပြည်သူပြည်သားတွေလည်း မြန်မာ့ရုပ်ရှင်ကို ကြည့်ရှုခံစားနိုင်အောင် သွားရောက်ပြသခွင့်ရတဲ့ဇာတ်ကားတွေလည်း အများကြီးရှိလာပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ရိုးမပေါ်ကျတဲ့မျက်ရည်ကိုပြသလျက်ရှိပြီး မကြာခင်မှာပဲ ချည်ရုပ်ရှင်ဇာတ်ကားကြီးနဲ့ တိမ်တွေပေါ်ကပန်းဇာတ်ကားကြီးလည်း လာရောက်ပြသတော့မှာဖြစ်ပါတယ်။တိမ်တွေပေါ်ကပန်းဇာတ်ကားကြီးနဲ့အတူ ပရိသတ်ရဲ့အချစ်တော် တန်ခွန်ကျော်နဲ့အက်စတာတို့လည်း လာရောက်အားဖြည့်ပေးမှာဖြစ်လို့ သွားရောက်အားပေးလို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်။

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!