မောင်ဖြစ်သူ ဆန်းလင်းထွန်း အတွက် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ မင်းသမီးချော မိုးယုစံ
Unicode
နိုင်ငံကျော်မင်းသမီးချောလေး မိုးယုစံကတော့ မောင်ဖြစ်သူ ဆန်းလင်းထွန်းအတွက် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ အကြောင်းကို “ခုလိုပုံလှလှလေးတွေရိုက်ချင်ခဲ့တာ ခုလိုရိုက်နိုင်အောင် ကိုယ့်ကိုယ်ကို ပြောင်းလဲပြစ်နိုင်ခဲ့တာ တစ်ခုတော့ချီးကျူးပါတယ် congratulations” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မိုးယုစံရဲ့ မောင်ဖြစ်သူ ဆန်းလင်းထွန်းကတော့ အဝလွန်ခဲ့သူဖြစ်ပြီး Lose to Win ဝိတ်ချအစီအစဉ်မှာ ပါဝင်ခဲ့ရကာတစ်ဆင့် အောင်မြင်စွာဝိတ်ချနိုင်ခဲ့လို့ ပရိသတ်တွေရဲ့ အံ့သြအားကျခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ မင်းသမီးချောလေးမိုးယုစံကတော့ မောင်ဖြစ်သူကို အနုပညာလမ်းလျှောက်စေချင်သူဖြစ်ပြီး ဝိတ်ကျပြီးခန့်ညားလာတဲ့ ဆန်းလင်းထွန်းဟာ မကြာသေးမီကကျင်းပပြုလုပ်ခဲ့တဲ့ ဂျွန်လွင်ဦးစီးသော Myanmar International Fashion Week 2019 မှာ ပါဝင်ရှိုးလျှောက်ခဲ့ပါသေးတယ်။
မိုးယုစံဟာလည်း ချောမောလှပတဲ့ရုပ်သွင်နဲ့ လှပလွန်းတဲ့အပြုံးပိုင်ရှင်လေး ဖြစ်တာကြောင့်လည်း ပရိသတ်အရွယ်စုံရဲ့ ချစ်ခင်အားပေးခြင်းခံရတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး နိုင်ငံကျော်ပြည်သူ့အချစ်တော် အနုပညာရှင်မင်းသားတွေပါဝင်တဲ့ နှင်းဆီအငြိမ့်မှာလည်း ပင်တိုင်မင်းသမီးတွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသမီးချောလေး မိုးယုစံကတော့ ကိုယ်တိုင်ပရိသတ်အရွယ်စုံရဲ့ ချစ်ခင်အားပေးခြင်းခံရတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး မောင်ဖြစ်သူ ဆန်းလင်းထွန်းကိုပါ အနုပညာလမ်းလျှောက်စေချင်တဲ့ အမကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ မိုးယုစံကတော့ မောင်ဖြစ်သူအတွက် ဂုဏ်ယူမဆုံးဖြစ်နေပါတယ်နော်။
gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!