ဘိလပ်အပြန်မှာ ဒူဘိုင်းလေဆိပ်မှာ (၈)နာရီကြာသောင်တင်နေရတဲ့ အောင်ရင်တို့ဇနီးမောင်နှံ




Unicode

နိုင်ငံကျော် အဆိုတော်ကြီးဦးအောင်ရင်ကတော့ ဘိလပ်အပြန်မှာ ဒူဘိုင်းလေဆိပ်မှာ (၈)နာရီကြာသောင်တင်နေရတဲ့အကြောင်းကို “မုန်းပြီဗျာ ရန်ကုန်ပြန်လာတုန်းက Emirates return ticket ဝယ်ထားတာ၊ အခုဘိလပ်အပြန်မှာ Emirates ကမြန်မာပြည် မဆွဲတော့ဘူး ရုံးပါပိတ်သွားပြီ၊Fly Dubai နဲ့ ဒူဘိုင်းကိုတင်ပေးလိုက်တာ Transit လည်းရောက်ရော Connection flight counter ကိုအချိန်မှီရောက်ရဲ့သားနဲ့ ပထမလေယာဉ် delay တယ်ဆိုပြီး ကျနော်တို့ကို flight cancelled ဆိုပြီးလုပ်ပလိုက်တယ်၊ ကျန်းမာပါစေ ချမ်းသာပါစေဗျာ၊ မုန်းတာ အခု ဒူဘိုင်းလေဆိပ်မှာ (၈) နာရီသောင်တင်တယ်၊ ညောင်းချက် ( 14.01.2020 )” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

အောင်ရင်ကတော့ တစ်ခေတ်တစ်ခါကတည်းက သီချင်းခွေပေါင်းများစွာသီဆိုခဲ့ကာ အောင်မြင်မှုအခိုင်အမာရရှိထားတဲ့ နိုင်ငံကျော်အဆိုတော်ကြီး တစ်ယောက်ဖြစ်ပြီး ယနေ့အထိ အောင်မြင်မှုကိုထိန်းထားနိုင်သူလည်းဖြစ်ပါတယ်။သူကတော့ နိုင်ငံကျော်အဆိုတော်တွေဖြစ်တဲ့ အိမ့်ချစ်၊ဂျူဝယ်လ်၊ဇွဲပြည့် တို့နဲ့အတူ လော့စ်အိန်ဂျယ်၊ဆန်ဖရန်စစ္စကို၊နယူးယောက်၊ဘတ်ဖလို တို့ဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့မြို့ကြီးတွေမှာ ဖျော်ဖြေပွဲတွေလုပ်ခဲ့ပါသေးတယ်။ရန်ကုန်က သားဖြစ်သူ နိုင်ငံကျော်မင်းသားချော မိုးအောင်ရင်နဲ့အတူ(၃)လလောက်နေထိုင်ခဲ့ပြီး လက်ရှိမှာတော့ ဘိလပ်ကိုပြန်နေပြီလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ နိုင်ငံကျော် အဆိုတော်ကြီးဦးအောင်ရင်ကတော့ ရန်ကုန်ပြန်လာတုန်းက ဝယ်ခဲ့တဲ့ Emirates return ticket ကလည်း မြနမာပြည်ကလည်းပြန်တော့ Emirates ကမြန်မာပြည် မဆွဲတော့ဘူး ရုံးပါပိတ်သွားလို့ ရုံးပါပိတ်သွားပြီ၊Fly Dubai နဲ့ ဒူဘိုင်းစီးခဲ့ပေမယ့်လည်း ဒူဘိုင်းလေဆိပ်မှာ (၈)နာရီကြာသောင်တင်နေရတယ်နော်။

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!