(၂၀၀၀)ခုႏွစ္တုန္းက ဝတ္ခဲ့တဲ့ ဆယ္တန္းေကာင္မေလးေတြ အဝတ္အစားစတိုင္ကို ေမးခြန္းထုတ္လိုက္တဲ့ နန္းစႏၵာလွထြန္

နန္းစႏၵာလွထြန္းကေတာ့ အလွမယ္တစ္ေယာက္အျဖစ္ကေန ရုပ္ရွင္သရုပ္ေဆာင္ဘက္ကို ကူးေျပာင္းလာသူတစ္ေယာက္ပါ။MRTV-4 ရဲ႕ဇာတ္လမ္းတြဲမင္းသမီးတစ္ေယာက္အေနနဲ႔ လူသိမ်ားလာတာျဖစ္ျပီး “ပဥၥလက္ရြာ”၊ “အရိပ္”၊“၀ကၤပါရွင္းတမ္း”၊“ေငြစကၠဴခုႏွစ္ရြက္” စတဲ့ ဇာတ္လမ္းတြဲေတြမွာ သရုပ္ေဆာင္ခဲ့ျပီးျဖစ္ပါတယ္။ အဲ့ဒီဇာတ္ကားၾကီးေတြမွာမွ “ပဥၥလက္ရြာ” ဇာတ္လမ္းတြဲမွာ “ေရ၀တီ”ဆိုတဲ့ ဇာတ္ေကာင္ေလးနဲ႔ ပရိသတ္ရဲ႕ရင္ထဲကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

ခ်စ္စရာမ်က္ႏွာထားေလးနဲ႔ ပရိသတ္ရဲ႕အသဲနွလံုးကို ဆြဲၾကံဳးသိမ္းယူထားသူတစ္ေယာက္ျဖစ္ျပီး က်ရာဇာတ္ရုပ္ကိုလည္း ပီျပင္ေအာင္သရုပ္ေဆာင္ႏုိင္သူတစ္ေယာက္ ျဖစ္ပါတယ္။ရွမ္းတိုင္းရင္းသူေလးတစ္ေယာက္ျဖစ္ျပီး က်ရာဇာတ္ေကာင္တိုင္းကို ေသခ်ာဂရုစိုက္ျပင္ဆင္တတ္သူ နန္းစႏၵာလွထြန္းကေတာ့ ပရိသတ္ၾကီးဆီကအၾကံေလးတစ္ခုေတာင္းခံခဲ့တာပါ။အဲ့ဒါကေတာ့ “(2000) ခုႏွစ္တုန္းက (၁၀)တန္းတက္ေနတဲ့ ေကာင္မေလးေတြ ဘယ္လုိဝတ္လဲဟင္..သာမန္မိန္းကေလးတစ္ေယာက္ေပါ့ (ျမန္မာဝတ္စံုလိုမ်ိဳးေနာ္)” လို႔ေမးခြန္းထုတ္ခဲ့တာျဖစ္ပါတယ္။

ကေလးေလးတစ္ေယာက္လို အျပစ္ကင္းစင္တဲ့မ်က္ႏွာေလးကို ပိုင္ဆုိင္ထားတဲ့ နန္းစႏၵာလွထြန္းကေတာ့ ေရဝတီဇာတ္ေကာင္ေလးနဲ႔လည္း လိုက္ဖက္မွုရွိျပီး အခုတစ္ဖန္ ဆယ္တန္းေက်ာင္းသူပံုစံနဲ႔ ပရိသတ္ေရွ႕ကို ထပ္မံေရာက္ရွိလာဦးမလားဆိုတာေတာ့ ပရိသတ္ေတြေမွ်ာ္လင့္ေစာင့္စားရဦးမွာပါေနာ္။ေရဝတီေလး သိခ်င္ေနတဲ့ (၂၀၀၀)ခုႏွစ္တုန္းက ဆယ္တန္းေက်ာင္းသူေလးေတြ ဘယ္လိုပံုစံဝတ္သလဲဆိုတာ မွတ္ခ်က္ေရးျပီး ကူညီေပးလိုက္ၾကပါဦးေနာ္။

Unicode

နန်းစန္ဒာလှထွန်းကတော့ အလှမယ်တစ်ယောက်အဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာသူတစ်ယောက်ပါ။MRTV-4 ရဲ့ဇာတ်လမ်းတွဲမင်းသမီးတစ်ယောက်အနေနဲ့ လူသိများလာတာဖြစ်ပြီး “ပဉ္စလက်ရွာ”၊ “အရိပ်”၊“ဝင်္ကပါရှင်းတမ်း”၊“ငွေစက္ကူခုနှစ်ရွက်” စတဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကြီးတွေမှာမှ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲမှာ “ရေဝတီ”ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပရိသတ်ရဲ့ရင်ထဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ချစ်စရာမျက်နှာထားလေးနဲ့ ပရိသတ်ရဲ့အသဲနှလုံးကို ဆွဲကြုံးသိမ်းယူထားသူတစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။ရှမ်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ကောင်တိုင်းကို သေချာဂရုစိုက်ပြင်ဆင်တတ်သူ နန်းစန္ဒာလှထွန်းကတော့ ပရိသတ်ကြီးဆီကအကြံလေးတစ်ခုတောင်းခံခဲ့တာပါ။အဲ့ဒါကတော့ “(2000) ခုနှစ်တုန်းက (၁၀)တန်းတက်နေတဲ့ ကောင်မလေးတွေ ဘယ်လိုဝတ်လဲဟင်..သာမန်မိန်းကလေးတစ်ယောက်ပေါ့ (မြန်မာဝတ်စုံလိုမျိုးနော်)” လို့မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ နန်းစန္ဒာလှထွန်းကတော့ ရေဝတီဇာတ်ကောင်လေးနဲ့လည်း လိုက်ဖက်မှုရှိပြီး အခုတစ်ဖန် ဆယ်တန်းကျောင်းသူပုံစံနဲ့ ပရိသတ်ရှေ့ကို ထပ်မံရောက်ရှိလာဦးမလားဆိုတာတော့ ပရိသတ်တွေမျှော်လင့်စောင့်စားရဦးမှာပါနော်။ရေဝတီလေး သိချင်နေတဲ့ (၂၀၀၀)ခုနှစ်တုန်းက ဆယ်တန်းကျောင်းသူလေးတွေ ဘယ်လိုပုံစံဝတ်သလဲဆိုတာ မှတ်ချက်ရေးပြီး ကူညီပေးလိုက်ကြပါဦးနော်။

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!