အဖြူရောင်ဆင်တူလေးဝတ်ပြီး ချစ်ရတဲ့မေမေနဲ့ အတူတူပွဲတက်လာခဲ့တဲ့ ဝတ်မှုံရွှေရည်…





Unicode

နိုင်ငံကျော်မင်းသမီးလေး ဝတ်မှုံရွှေရည်က အနုပညာလောကရဲ့ အတောက်ပဆုံး ကြယ်လေးတစ်ပွင့်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်တတ်တာကြောင့် အကယ်ဒမီဆုကြီး နှစ်ဆုကို ရရှိပိုင်ဆိုင်ထားပြီး ကိုရီးယားနိုင်ငံမှ ချီးမြှင့်တဲ့ သရုပ်ဆောင်ထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ဝတ်မှုံရွှေရည်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြပါတယ်။ဝတ်မှုံရွှေရည်က ဒီတစ်ခေါက်မှာတော့ Kinohimitsu ရဲ့ Afternoon tea party လေးဖြစ်တဲ့ Collagen Day 2020 ပွဲလေးကို တက်ရောက်ခဲ့တဲ့ ပုံတွေကို မျှဝေပေးထားပါတယ်

ဝတ်မှုံရွှေရည်က ထိုပွဲလေးကို သူမရဲ့ မေမေနဲ့ အင်္ကျီအဖြူရောင်ဆင်တူလေးဝတ်ပြီး အတူတူ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ ဝတ်မှုံရွှေရည်တို့ သားအမိကတော့ အချောအလှတွေပဲမို့ အရမ်းကိုကြည့်ကောင်းကြတာပဲနော်။

ဝတ်မှုံရွှေရည်ကတော့ (၂၀၂၀) နှစ်သစ်မှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ရိုက်ကူးသွားမှာဖြစ်ပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!