မြောက်ကိုရီးယားရောက်နေတဲ့နှလုံးသားလေးတွေကို မြန်မာပြည်ပြန်လာအောင်လုပ်လိုက်တဲ့ ဗိုလ်ကြီးကောင်းမြတ်စံ
Unicode
မိန်းကလေးပရိသတ်တွေကို အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားထားတဲ့ မင်းသားချောလေးကောင်းမြတ်စံကတော့ ဒီဇင်ဘာလ ၁၄မှာ (၂၆)နှစ်တောင်ပြည့်သွားပြီနော်။
သူဟာ နာမည်ကျော် မြန်မာဇာတ်လမ်းတွဲ “အမုန်းမှသည်”မှာ ကိုးလ်ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုရရှိခဲ့ကာ ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်ခဲ့ရုံမက မကြာသေးခင်က ရုံတင်ပြသခဲ့ပြီးဖြစ်တဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ဇာတ်ကားမှာလည်းသူ့ရဲ့ ပထမဆုံးရုံတင်ဇာတ်ကားကြီးအနေနဲ့ ပါဝင်ရိုက်ကူးခဲ့ပါသေးတယ်
။ကောင်းမြတ်စံရဲ့နောက်ဆုံးပြီးဆုံးသွားတဲ့ ဇာတ်လမ်းတွဲကတော့ “ပျောက်ဆုံးနေသော အမှန်တရား” ဖြစ်ပြီး ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ရိုးမပေါ်ကျတဲ့မျက်ရည်”မှာလည်း ကျောင်းဆရာလေး ကိုစန်းနိုင်အဖြစ် ပရိသတ်တွေရဲ့အားပေးခြင်းကို ရရှိခဲ့တာဖြစ်ပါတယ်။
အခုရက်ပိုင်းမှာဆိုရင် မဒီလေးတွေကတော့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Crash Landing On You ဆိုတဲ့ ဇာတ်ကားထဲမှာ မြောက်ကိုရီးယားနိုင်ငံက ဗိုလ်ကြီးအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားHyun Bin ကို သည်းသည်းလှုပ်ကြွေနေကြတာပါ။
ဗိုလ်ကြီးဆိုပြီးကြွေနေကြတဲ့မဒီလေးတွေကို “မြောက်ကိုရီးယားက နည်းနည်းဝေးတယ်….မြန်မာပြည်က ဗိုလ်ကြီးဆိုရင်ရော?”လို့ ရဲဝတ်စုံဝတ်ထားတဲ့ပုံလေးနဲ့အတူ ပိုစ့်တစ်ခုတင်ခဲ့ပါတယ်။ဒါ့အပြင် ” ကြင်နာတတ်တယ်နော်” လို့လည်း ရေးထားပြန်ပါသေးတယ်။
မိန်းကလေးပရိသတ်တွေကတော့ မြန်မာပြည်ကဗိုလ်ကြီးကိုလည်း ကြွေတဲ့အကြောင်းတွေ မှတ်ချက်ရေးသားထားကြပါသေးတယ်။ကောင်းမြတ်စံကတော့မြောက်ကိုရီးယားရောက်နေတဲ့နှလုံးသားလေးတွေကို မြန်မာပြည်ပြန်လာအောင်လုပ်လိုက်ပြန်ပါပြီ။
အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးကျေးဇူးတင်ရှိပါတယ်။နောက်များမှာလည်း အခုလို ဗဟုသုတ သတင်းအသစ်များကို ဖတ်ရှု့ဖို့အတွက် ကျွန်တော်တို့ Page ကိုလည်း Like and See first လုပ်ထားဖို့ မမေ့ပါနဲ့နော်..။
gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!