စိတ်ချမ်းသာအောင်နေထိုင်နည်းကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်တဲ့ အေးမြတ်သူ…




Unicode

အေးမြတ်သူကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်အနေနဲ့ရပ်တည်လာခဲ့ပြီး “နောင်တွင်ဥဒါန်းတည်စေသတည်း” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရုပ်ရှင်ထူးချွန်ဆုကြီးကိုရရှိထားသူပါ။ ပါးချိုင့်လေးနဲ့ချစ်စဖွယ်အပြုံးလေးကို ပိုင်ဆိုင်ထားပြီး စိတ်ထားဖြူစင်တဲ့မင်းသမီးလေးဖြစ်တာကြောင့် ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကို များစွာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။သူကိုတော့ အခုနောက်ပိုင်းအမြဲလိုလိုပျော်နေတာကို တွေ့မြင်ရမှာဖြစ်ပြီး အရာရာကိုဟန်ဆောင်မှုမရှိဘဲ ရိုးသားပွင့်လင်းစွာ ချပြလေ့ရှိတာမို့ သဘာဝကျတဲ့ မင်းသမီးလေးဆိုပြီး ပရိသတ်တွေကအချစ်ပိုနေရတာပါ။

အေးမြတ်သူကတော့ သူပျော်ရွှင်စွာနေထိုင်လာခြင်းရဲ့အကြောင်းရင်းကို ဒီနေ့မနက်မှာတော့ မျှဝေပေးခဲ့တာပါ။“အသက်(၃၄)နှစ်… အသက်(၄၀) မှ ဘဝ စတာဆိုတော့ ကျွန်မတို့တွေ…ခုချိန်မှာ သင်ယူသင့်တာတွေသင်ယူထားရမယ်….အသက် ဆိုတာ ကိန်းဂဏန်းတခု ဖြစ်တာမို့ လက်ရှိအချိန် ကို ကိုယ်စားပြုနေတဲ့ အရွယ်မှာ ကျွန်မတို့တွေ စိတ်ချမ်းသာနုပျိုအောင် ပြင်ဆင်နေထိုင်ရမယ်…. ကိုယ်ခန္ဓာကျန်းမာနုပျိုအောင်… ခေတ်မီနည်းပညာတွေကို ပိုက်ဆံတွေသုံးပြီး လုပ်ယူလို့ရပေမယ့်….စိတ်ကျန်းမာနုပျိုအောင်တော့… ကိုယ်ကိုတိုင် ပြုမူကျင့်ကြံမှ ရနိုင်မယ်ရှင့်… လောဘ နည်းအောင် /အရှိတရားကိုလက်ခံနိုင်အောင် သဘာဝတရားကို လက်ခံနိုင်အောင်… စိတ်ကိုငြိမ်းချမ်းအောင်ထားနိုင်မှ…..

ကျွန်မတို့ နုပျိုခြင်းအစစ်အမှန် ကို ရှာတွေ့နိုင်မှာမို့… ကျွန်မ ကြိုးစားပြီးနေထိုင်နေပါတယ်…လက်ရှိအခြေအနေတစ်ခု ကို လက်ခံနိုင်ရင်….. တော်တော်အဆင်ပြေနေပါပြီရှင်…ချစ်ရသူတွေအားလုံး… စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင့်”ဆိုပြီး ရေးသားမျှဝေပေးခဲ့တာပါ။ မင်းသမီးချောလေး အေးမြတ်သူကတော့ မကြာခင်မှာရိုက်ကူးတော့မယ့် ဝင်္ကပါလမ်းမများဇာတ်လမ်းတွဲမှာလည်း ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။စိတ်ချမ်းသာတော့ မျက်နှာလေးလည်း ကြည်လင်ပြီး ပိုမိုလှပလာတဲ့အေးမြတ်သူရဲ့ စိတ်ချမ်းသာအောင်နေထိုင်နည်းလေးကို ချစ်ပရိသတ်ကြီးအတွက်လည်း မျှဝေပေးလိုက်ပါတယ်နော်။

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!