တည်းခိုခန်း မန်နေဂျာ အားသတ်၍ ပစ္စည်းများလုကာ ထွက်ပြေးတိမ်းရှောင်နေသော တရားခံ ဖမ်းဆီးရမိ

ကလေးမြို့ စိန် တည်းခိုခန်း မန်နေဂျာဦးစံဌေးအားသတ်၍ ပစ္စည်းများလုကာ ထွက်ပြေးတိမ်းရှောင်နေသော တရားခံ တမူးမြို့ ၌ ဖမ်းဆီးရမိ

တမူး-ဇန်နဝါရီ ၁၄

ကလေးမြို့၌ ၂၀၂၀ဇန်နဝါရီလ(၁)ရက်က “စိန်“တည်းခိုခန်းမန်နေဂျာ ဦးစံဌေးအား လူသတ်ဆွဲကြိုး/ဆိုင်ကယ်တို့အားလု၍ထွက်ပြေးတိမ်းရှောင်သွားသော တရားခံကလေးမြို့မရဲစခန်း ပ/၈၀-၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ တရားခံ သိန်းထိုက်ဝင်းအသက်(၄၂)|(ဘ)ဦးတင်ဝင်း မှတ်ပုံတင်အမှတ် ၅/ကလထ(နိုင်)၃၀၂၃၁၀ပြစ်မှု့ကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင်​နေပါသဖြင့်

ကလေးမြို့မရဲစခန်းမှကူညီရှာဖွေဖမ်းဆီးပေးပါရန်အကူညီတောင်းခံလာသည့်အတွက်တမူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းလင်းနိုင်၏စီစဉ်ညွှန်ကြားချက်အရ တမူးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မျိုးသိန်း တမူးမြို့မရဲစခန်းမှူး|ဒုရဲမှူးသိန်းလွင်|နယ်ထိန်း ဒုရဲအုပ် ဇော်လင်းထိုက်နှင့်တပ်ဖွဲ့ဝင်များ|စန္ဒကူးရပ်ကွက်အုပ်ချုပ်ရေးမှူးဦးရဲမိုးမြင့်နှင့်အဖွဲ့ဝင်များမှပူးပေါင်းစုံစမ်းရှာဖွေရာ

၂၀၂၀ဇန်နဝါရီ (၁၄)ရက် (၁၂း၅၀) အချိန်ခန့်တွင် စန္ဒကူး (၂)ရပ်ကွက် မရှမ်းမထ္မင်းဆိုင်တွင်ဖမ်းဆီးရမိပြီးကလေးမြို့မရဲစခန်းသို့လွှဲပြောင်းပေးပို့နိုင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်.

ကဘော်ဆုသန်း

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!