သီချင်းသစ်တွေထွက်ဖို့ရှိပါသေးတယ်ဆိုတဲ့ အဆိုတော်မင်းခန့်…





Unicode

“ပြန်ချစ်ကြမယ်” ဆိုတဲ့ အလွမ်းသီချင်းလေးနဲ့ ပရိသတ်တွေစတင် သတိပြုအားပေးလာတဲ့ မင်းခန့်(Chinese) ကတော့ သီချင်းသစ်တွေထွက်ရှိဖို့ရှိပါသေးတဲ့အကြောင်းကို “သီချင်းမထွက်တာကြာပြီမို့ သီချင်းမလုပ်တော့ဘူးလားလို့ မေးကြတဲ့အကိုတွေအမတွေ ကျွန်တော်သီချင်းအသစ်တွေဖန်တီးနေပါတယ်။ မကြာမီသီချင်းအသစ်လေးထွက်တော့မှာပါ အခုလိုချစ်ပေးကြတဲ့အားပေးတဲ့ သူတစ်ယောက်စီတိုင်းကိုေ ကျးဇူးများကြီးတင်ပါတယ်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

မကြာသေးမီကမှ ထွက်ရှိခဲ့တဲ့ “အဆင်ပြေဖို့ခက်တယ်” သီချင်းသစ်နဲ့အတူ ပရိသတ်တွေရဲ့ အသည်းနှလုံးကိုသိမ်းပိုက်ခဲ့ကာ JOOX အက်ပလီကေးရှင်းက ပရိသတ်တွေရဲ့ အကြိုက်ဆုံး သီချင်းနံပါတ်(၁)ကို (၂)ပတ်တိတိ ရပ်တည်ခဲ့ပါတယ်။မင်းခန့်ကတော့ Chinese Pop အမျိုးအစား သီချင်းအေးအေးလေးတွေသီဆိုတာဖြစ်ပြီး သူရဲ့ အအောင်မြင်ဆုံးအလွမ်းသီချင်းကိုတော့ ကိုယ်တိုင်ရေးသားထားပါတယ်။

မင်းခန့်ဟာ အဆင်ပြေဖို့ခက်တယ် သီချင်းထွက်ပြီး နောက်သီချင်းတွေမထွက်တာကြာပြီမို့ သီချင်းအသစ်တွေ မလုပ်တော့ဘူးလားလို့ ချစ်တဲ့ပရိသတ်တွေကတောင်းဆိုနေကြပြီး လက်ရှိမှာ သီချင်းသစ်တွေဖန်တီးနေတာမို့ မကြာမီသူ့ရဲ့ Chinese Pop အမျိုးအစား သီချင်းအေးအေးလေးတွေကိုနားဆင်ရတော့မှာပါနော်။

ပရိသတ်ကြီးရေ သီချင်းတစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ်တွေရင်ထဲရောက်အောင် ကိုယ်တိုင်ရေးပြီးတော့သီဆိုသလို တခြားအနုပညာရှင်တွေအတွက်ပါ သီချင်းတွေဖန်တီးပေးလေ့ရှိတဲ့ မင်းခန့် မကြာမီထွက်ရှိလာတော့မယ့် သီချင်းသစ်တွေက ဘယ်လိုခံစားမှုတွေ၊ရသတွေပေးစွမ်းမလဲဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲနော်။

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!