ဗစ်တိုးရီးယားလေး ကို လူပုံလယ်မှာ အရှက်တကွဲ အကျိုးနည်းဖြစ်အောင်လုပ်ခဲ့တဲ့သူတွေအတွက် ထိုက်တန်တဲ့ တုံ့ပြန်မှုတွေ လာပါပြီ။” တရားနိုင်ပါစေ…

” တရားနိုင်ပါစေ…………….”

ဗစ်တိုးရီးယားလေး ကို လူပုံလယ်မှာ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်သံ Page က တစ်ဆင့် ကလေးငယ်ရဲ့ မိဘအသိုင်းအဝိုင်း ကိုယ်ရေးအချက်အလက်တွေကို ဖွင့်ချခဲ့တဲ့ ရဲအရာရှိ သုံးဦးအပါအဝင် ရဲဇာနည် Page တာဝန်ခံကို တရားစွဲအရေးယူဖို့ နိုင်ငံတော်သမ္မတဆီကို မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM) က ခွင့်ပြုချက်တောင်းလိုက်ပါပြီ။

အဲ့ဒီ ခွင့်ပြုချက် ကို ဒီနေ့ ပဲ တောင်းဆိုလိုက်တာ။ သမ္မတ ခွင့်ပြုတာနဲ့ တန်းစွဲမှာပါ။ အစိုးရ ရဲ့အဖွဲ့ဝင်တွေကို တရားစွဲမယ်ဆိုရင် သမ္မတရဲ့ ခွင့်ပြုချက်ကို ပထမဦးဆုံးရယူတဲ့သဘောပါ။

တရားစွဲဆိုခံရမယ့်ရဲအရာရှိသုံးဦးကတော့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦးမှုခင်းညွန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်မှုခင်းရဲတပ်ဖွဲ့ဌာနမှူး ရဲမှူးကြီး သာဒွန်း နဲ့ ရဲဇာနည် Page တာဝန်ခံ တို့ဖြစ်ပါတယ်။

စွဲမယ့် ဥပဒေတွေကတော့ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ကော အခြားသင့်တော်တဲ့ ရာဇဝတ်ဥပဒေ အရပ်ရပ်အရကောတဲ့။

အခု တရားစွဲမယ့် ILAM ဆိုတာ လက်ရှိနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့စဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ကြီးဖြစ်တယ်။

တရားနိုင်ပါစေ။

တရားခံကို မဖော်ထုတ်ဘဲ နစ်နာသူကို ဖော်ထုတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ အတွက် မျှတတဲ့ အဖြေတစ်ခု ထွက်ဖို့ ဗစ်တိုးရီးယားလေးဘက်က ဆက်ပြီး ဝန်းရံကြပါစို့။

#မင်းရသ

🇲🇲အမှန်တရားဘက်တော်သားအုပ်စု

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!