(၂၀၂၀)ကပေးတဲ့ ကံကောင်းခြင်း လက်ဆောင်တစ်ခုကြောင့် ပျော်မဆုံးဖြစ်နေတည့် ယွန်းယွန်း
Unicode
ကလေးသရုပ်ဆောင်အနေနဲ့ပရိသတ်ရင်းနှီးခဲ့ကြတဲ့ မင်းသမီးလေးကတော့ မိန်းမလှလေးအဖြစ်တစ်နေ့တစ်ခြားလှသွေးကြွယ်လာခဲ့ပါပြီ။သူကတော့ ကလေးသရုပ်ဆောင်အနေနဲ့အကယ်ဒမီရခဲ့ဖူးတဲ့မင်းသမီးချောလေးယွန်းယွန်းဖြစ်ပါတယ်။ယွန်းယွန်းဟာမြန်မာဆန်ဆန်လေးနဲ့လှရက်လွန်းတဲ့အပြင် သရုပ်ဆောင်ကောင်းမွန်တာကြောင့် မြန်မာပရိသတ်တွေကအချစ်ပိုနေရသူလေးလည်းဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာကိုလေ့လာသင်ယူနေတဲ့ကျောင်းသူလေးတစ်ယောက်လည်းဖြစ်နေခဲ့ပါပြီ။ပညာရေးတစ်ဖက်အနုပညာအလုပ်တွေတစ်ဖက်နဲ့မင်းသမီးလေးကတော့ သူ့အကြောင်းတွေကို လူမှုကွန်ယက်မှာပရိသတ်တွေကိုမျှဝေလေ့ရှိပါတယ်။
လတ်တလောမှာတော့ ယွန်းယွန်းအတွက် ဂုဏ်ယူစရာကိစ္စလေးတစ်ခု ကတော့ါ (၂၀၂၀) ရဲ့ ကံကောင်း လက်ဆောင်လေးလို့ တောင် တင်စားရမယ့် Nepal နိုင်ငံရဲ့ Visit Nepal Year 2020 အတွက်Tourism Goodwill Ambassador အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ် ။ပရိသတ်တွေကတော့ သူမအတွက် ဂုဏ်ပြုမှတ်ချက်လေးတွေ ရေးသားထားကြပြီး ခုလို ခန့်အပ်ခံရခြင်းအတွက် သူမရော ပရိသတ်တွေပါ ပျော်မဆုံးဖြစ်နေကြတာပါ ။ဂုဏ်ယူပါတယ် ယွန်းရေ ..။
အခုလိုနီပေါနိုင်ငံက ခန့်အပ်တဲ့ Visit Nepal Year 2020 အတွက်Tourism Goodwill Ambassador အဖြစ်ခန့်အပ်ခြင်းခံရတဲ့အတွက် ပရိသတ်တွေနဲ့ထပ်တူ ထပ်မျှ မှ ဂုဏ်ယူဝမ်းမြောက်ပါတယ်နော် ။ ပရိသတ်ကြီးကလည်း ယွန်းယွန်းလေးအတွက် ဂုဏ်ပြုစကားလေးတွေ ရေးပေးခဲ့ကြပါဦး ။
gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!