ဇာတ္ကားထဲကအတိုင္း အျပင္မွာလည္း အရမ္းခ်စ္တတ္တဲ့ ေကာင္ေလးတစ္ေယာက္ပါလို႔ ဆိုလာတဲ့ ပိုင္တံခြန္

ဇာတ္ကားထဲကအတိုင္း အျပင္မွာလည္း အရမ္းခ်စ္တတ္တဲ့ေကာင္ေလးတစ္ေယာက္ဆိုတာေျပာျပလာတဲ့ ပိုင္တံခြန္
ပိုင္တံခြန္ကေတာ့လက္ရွိအခ်ိန္မွာ ေရပန္းအစားဆံုးျမန္မာႏိုင္ငံရဲ႕ေမာ္ဒယ္လ္၊မင္းသားေတြထဲကတစ္ေယာက္ပါ။လက္ရွိအခ်ိန္မွာ အာရွႏိုင္ငံအခ်ိဳ႔ကမိန္းကေလးပရိသတ္ေတြရဲ႕ သည္းသည္းလွုပ္၀န္းရံျခင္းကို ခံရသူလည္းျဖစ္ပါတယ္။ပိုင္တံခြန္ကေတာ့ ေၾကာ္ျငာေတြ ဓာတ္ပံုေတြအဆက္မျပတ္ရိုက္ကူးေနရျပီး အခုဆိုရင္ရုပ္ရွင္ဇာတ္ကားၾကီးကိုလည္းရိုက္ကူးေတာ့မွာပါ။

အဲ့ဒီဇာတ္ကားနာမည္ကေတာ့ အိပ္မက္ျမစ္ ဇာတ္ကားၾကီးျဖစ္ျပီး ထိပ္တန္းမင္းသမီးတစ္လက္ျဖစ္တဲ့ ၀တ္မွုန္ေရႊရည္နဲ႔ရိုက္ကူးေတာ့မွာပါ။ဒီဇာတ္ကားနဲ႔ပတ္သက္ျပီးအင္တာဗ်ဳဴးလုပ္ခဲ့ရာမွာေတာ့ ဇာတ္ကားထဲမွာ သရုပ္ေဆာင္ရမယ့္ကာရိုက္တာက အရမ္းခ်စ္တတ္တဲ့ေကာင္ေလးျဖစ္ျပီး ျပင္ပကအေျခအေနနဲ႔လည္းဆင္တူေနတဲ့အေၾကာင္းကို “တကယ္ ကၽြန္ေတာ္အျပင္မွာလက္ရွိရွိေနတဲ့ပံုစံပဲ ကၽြန္ေတာ္က အရမ္းခ်စ္တတ္တဲ့ ေကာင္ေလး”ဆိုျပီးေတာ့ ေျပာျပခဲ့ပါတယ္။ဒီဇာတ္ကားအတြက္လည္း အမွားအယြင္းျဖစ္မွာစိုးရိမ္ေနသလို အေကာင္းဆံုးၾကိဳးစားျပင္ဆင္သြားမယ့္အေၾကာင္းကိုလည္း ေျပာျပခဲ့ပါတယ္။

၀တ္မွုန္ေရႊရည္ကေတာ့ ပိုင္တံခြန္ကို “ေၾကာ္ျငာနဲ႔ဓာတ္ပံုကအရမ္းစတားျဖစ္ေနေတာ့ ရုပ္ရွင္ေတာ့ထပ္ျပီးစတားျဖစ္ေအာင္ၾကိဳးစားရမွာေပါ့” လို႔လည္း အားေပးတဲ့ပံုစံမ်ိဳးေျပာခဲ့ပါေသးတယ္။မင္းသားအသစ္ေတြနဲ႔ရိုက္ကူးေလ့ရွိတဲ့ထိပ္တန္းမင္းသမီး၀တ္မွုန္ေရႊရည္ကေတာ့ အေကာင္းဆံုးၾကိဳးစားမယ္လို႔ယံုၾကည္ေၾကာင္းကိုလည္း ေျပာသြားပါေသးတယ္။ပိုင္တံခြန္ရဲ႕ပရိသတ္ေတြကေတာ့ အရမ္းခ်စ္တတ္တဲ့ေကာင္ေလးတစ္ေယာက္အေနနဲ႔ ဇာတ္ကားထဲမွာျမင္ေတြ႔ရဖို႔ကို ရင္ခုန္ေနၾကျပီမဟုတ္လား…

Unicode

ဇာတ်ကားထဲကအတိုင်း အပြင်မှာလည်း အရမ်းချစ်တတ်တဲ့ကောင်လေးတစ်ယောက်ဆိုတာပြောပြလာတဲ့ ပိုင်တံခွန် ပိုင်တံခွန်ကတော့လက်ရှိအချိန်မှာ ရေပန်းအစားဆုံးမြန်မာနိုင်ငံရဲ့မော်ဒယ်လ်၊မင်းသားတွေထဲကတစ်ယောက်ပါ။လက်ရှိအချိန်မှာ အာရှနိုင်ငံအချို့ကမိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းကို ခံရသူလည်းဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ ကြော်ငြာတွေ ဓာတ်ပုံတွေအဆက်မပြတ်ရိုက်ကူးနေရပြီး အခုဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးကိုလည်းရိုက်ကူးတော့မှာပါ။

အဲ့ဒီဇာတ်ကားနာမည်ကတော့ အိပ်မက်မြစ် ဇာတ်ကားကြီးဖြစ်ပြီး ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်နဲ့ရိုက်ကူးတော့မှာပါ။ဒီဇာတ်ကားနဲ့ပတ်သက်ပြီးအင်တာဗျုူးလုပ်ခဲ့ရာမှာတော့ ဇာတ်ကားထဲမှာ သရုပ်ဆောင်ရမယ့်ကာရိုက်တာက အရမ်းချစ်တတ်တဲ့ကောင်လေးဖြစ်ပြီး ပြင်ပကအခြေအနေနဲ့လည်းဆင်တူနေတဲ့အကြောင်းကို “တကယ် ကျွန်တော်အပြင်မှာလက်ရှိရှိနေတဲ့ပုံစံပဲ ကျွန်တော်က အရမ်းချစ်တတ်တဲ့ ကောင်လေး”ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။ဒီဇာတ်ကားအတွက်လည်း အမှားအယွင်းဖြစ်မှာစိုးရိမ်နေသလို အကောင်းဆုံးကြိုးစားပြင်ဆင်သွားမယ့်အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

ဝတ်မှုန်ရွှေရည်ကတော့ ပိုင်တံခွန်ကို “ကြော်ငြာနဲ့ဓာတ်ပုံကအရမ်းစတားဖြစ်နေတော့ ရုပ်ရှင်တော့ထပ်ပြီးစတားဖြစ်အောင်ကြိုးစားရမှာပေါ့” လို့လည်း အားပေးတဲ့ပုံစံမျိုးပြောခဲ့ပါသေးတယ်။မင်းသားအသစ်တွေနဲ့ရိုက်ကူးလေ့ရှိတဲ့ထိပ်တန်းမင်းသမီးဝတ်မှုန်ရွှေရည်ကတော့ အကောင်းဆုံးကြိုးစားမယ်လို့ယုံကြည်ကြောင်းကိုလည်း ပြောသွားပါသေးတယ်။ပိုင်တံခွန်ရဲ့ပရိသတ်တွေကတော့ အရမ်းချစ်တတ်တဲ့ကောင်လေးတစ်ယောက်အနေနဲ့ ဇာတ်ကားထဲမှာမြင်တွေ့ရဖို့ကို ရင်ခုန်နေကြပြီမဟုတ်လား…

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!