တရုတ်ပြည်မှာ ကူးစက်ရောဂါတွေဖြစ်ပွားနေချိန် ဘာစစ်ဆေးမှုမှမရှိပဲဝင်ထွက်နေတဲ့ ဒီကားတွေကို မတားကြတော့ဘူးလား

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင်ပြည်နယ်တာဝန်ရှိသူများနယ်စပ်ရေးရာနှင့်ကျမ္မာရေးမှတာဝန်ရှိသူများကိုမနေနိုင်လွန်းတော့သည့်အတွက်သတိပေးလိုက်ပါသည်။

ယခုလတ်တလောတွင်တရုတ်ပြည်၌ဖြစ်ပွားနေသောအဆုပ်ယောင်အအေးမိကူးစက်ရောဂါအလျှင်အမြန်ပြန့်ပွားနေပါသည်တရုတ်ပြည်အလယ်ပိုင်းမှစတင်တွေ့ရှိသောထိုရောဂါသည်ထိုင်ဝမ် ဗီယက်နမ် ကမ်ဘောဒီးယားလာအို ထိုင်းစသောနိုင်ငံများသို့ပင်ကူးစက်ပြန့်ပွားလာနေပါသည်မြန်မာပြည်ဝင်ပေါက်နယ်စပ်ဂိတ်များတွင်စစ်ဆေးစောင့်ကြည့်မှု့များဆောင်ရွက်နေပါသော်လည်းကချင်ပြည်နယ်ကန်ပိုက်တီးနယ်စပ်ဂိတ်တွင်မူမည်သည့်စောင့်ကြပ်စစ်ဆေးမှု့များမှဆောင်ရွက်ထားခြင်းမရှိဟုသိရပါသည်။

ယင်းကန်ပိုက်တီးနယ်စပ်မှတဆင့်ကချင်ပြည်နယ်အတွင်းရှိဆဒုံးဆမားနယ်ချီဖွေနယ်ဝိုင်းမော်နယ်တာလောကြီးနယ်အတွင်းသို့တစ်ရှူ းငှက်ပျောလာတင်သောတရုပ်တွဲကားများသည်တနေ့လျှင်အစီးရေသုံးရာကျော်လေးရာနီးပါးဝင်ရောက်နေပါသည်တရုပ်တွဲကားများသည်ယူနန်ပြည်နယ် စီချွမ်းပြည်နယ်များထက်အတွင်းကျသောတရုပ်ပြည်အလယ်ပိုင်းဒေသများမှလာသောကားများပါဝင်နေပါသည်ခွေးမြှင်မြို့(ကူမင်းမြို့)ထက်ဝေးသောဒေသများမှတဆင့်လာသောကားပေါင်းများစွာပါဝင်ပါသည်ကားတစီးတရုတ်တယောက်ကားအစီးသုံးရာတရုတ်အယောက်က်သုံးရာသည်ကချင်ပြည်နယ်အတွင်းသို့ဥဒဟိုဝင်ထွက်နေပါသည်။

ငှက်ပျောတင်တွဲကားတစီးလျှင်ရေးဆေးလုပ်သား ၂၅ ယောက်အထမ်းသမား၃၅ ၄၀ နီးပါးပေါင်းဗမာအလုပ်သမား ၆၀ ကျော် ၇၀ နီးပါးအသုံးပြုနေရသောလုပ်ငန်းခွင်တွင်ထိုကူးစက်ရောဂါသည်လွယ်ကူလျှင်မြန်စွာကူးစက်နိုင်ပါသည်

သို့ပါ၍အချိန်မီတားစီးကာကွယ်မှု့များဆောင်ရွက်ပါရန်တိုက်တွန်းအပ်ပါသည်အခွန်ကောက်ဘို့သာစဉ်းစားပြီးကျမ္မာရေးရောဂါမကူစက်မပြန်ပွားစေနိုင်ရန်အချိန်မီတားစီးကာကွယ်စောင့်ကြည့်ခင်းများမပြုလုပ်သောကြောင့်ထိုအဆုပ်ယောင်အအေးမိကူးစက်ရောဂါကချင်ပြည်နယ်အတွင်းဖြစ်ပါးလာပါကပြည်နယ်တာဝန်ရှိသူများလုံးဝတာဝန်ခံကြရပါလိမ့်မည်။

Credit:စစ်ငြိမ်းအိမ်

Copy Ye Yint

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!