တရုတ် ငှက်ပျောကားတွေ နေ့စဉ် ရာနှင့်ချီဖြတ်သန်းနေတဲ့ နယ်စပ်ဂိတ်ကို အဖွဲ့ပေါင်းစုံနှင့် စစ်ဆေးနေပြီ
ကတွတ်ပေါက်က ဗျိုင်းစောင့်သလို
လူသားအားလုံးအကြောက်ဆုံးက သေရမှာကိုပါ…ကျနော်လည်းကြောက်ပါတယ်…ကျနော်တို့အမျိုးတွေလည်းကြောက်ပါတယ်…ကျနော်တို့တစ်ပြည်လုံးလည်းကြောက်ပါတယ်
ဝူဟန်မှာ အဆုတ်အအေးမိရောဂါတွေဖြစ်နေပြီဆိုတော့ အစပိုင်းတော့ တိရစ္ဆာန် ကနေကူးတာပဲလေ လူလူချင်းကူးတာမှမဟုတ်ပဲဒို့နိုင်ငံနဲ့လည်းဝေးသေးတာပဲဆိုပြီး ကြောက်စိတ်တွေနည်းနေကြသေးတာ
နောက်တော့လူလူချင်းလည်းကူးပါသတဲ့။လူနာပြုစုကုသစောင့်ရှောက်တဲ့သူတွေလည်းကူးပါသတဲ့။နှာချေ ချောင်းဆိုးရင်လည်းကူးပါသတဲ့။ရောဂါကူးနေတဲ့လက်နဲ့မျက်စိကိုပွတ်မိရင်လည်းကူးပါသတဲ့။လေယာဥ်စီးပြီးတော့ အမေရိက ဂျပန် ကိုရီးယား ထိုင်း ဗီယက်နမ် နီပေါ မလေရှား စက်ာပူအထိတောင်ရောက်နေပြီဆိုတော့ ကြောက်လာလိုက်ကြရတာ….ဒီကြားထဲ ဝူဟန်လေယာဥ်ကြီးဆိုက်လာတယ်ဆိုတော့ ဘာပြောကောင်းမလဲ နေစရာမရှိအောင်ကိုကြောက်လာကြပြီကော
ကြောက်တာချင်းအတူတူတောင် အသိပညာဉာဏ်လေးကူရင် အကြောက်ရသက်သာသေးတာ လူထူထူမသွားနဲ့ အအေးမမိစေနဲ့။တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်
မကြာမကြာလက်ဆေး။ ရောဂါဖြစ်နေတဲ့ တိုင်းပြည်နိုင်ငံတွေကိုရှောင်။ ချောင်းဆိုရင် အုပ်ပြီးဆိုး။ ချောင်းဆိုးလူနာတွေကို နှာခေါင်းစည်း အုပ်ခိုင်း။
ကျန်းမာရေးဝန်ထမ်းတွေဆို အထူစား N95 နှာခေါင်းစည်းတပ်။ဘုရားလည်းရှိခိုးဆုတောင်း။အသက်ကို ဉာဏ်စောင့်ဆိုသလိုပေါ့ကံလေးကလည်းကောင်းဦးမှ။ကံမရှိ ဉာဏ်ရှိတိုင်းမွဲလို့လည်းဆိုထားသေးတာကို ကျနော်တို့ကျန်းမာရေးဝန်ထမ်းတွေက ကြောက်တာကတစ်ပိုင်း ပြည်သူတွေရဲ့အသက်ကို ကာကွယ်စောင့်ရှောက်ရမယ့်တစ်ပိုင်းကြားမှာ တာဝန်ကျေပွန်ရမှာပါ
နယ်စပ်မှာတာဝန်ကျတဲ့ဝန်ထမ်းတွေအဖို့ အိမ်နီးချင်းနိုင်ငံတွေမှာ ရောဂါပေါ်ကတည်းက ဘာတွေလုပ်ကြရမယ် ဘယ်အထိဖြစ်နိုင်တယ်ဆိုတာ တသီတတန်းကြီး တွေးတောစီစဥ်ကြရတော့တာပါ
ဝိုင်းမော်မြို့နယ်မှာ ကန်ပိုင်တီးဆိုတာ တရားဝင်နယ်စပ်ဂိတ်ပေါက်ကြီး။နေ့စဥ် မြန်မာတရုတ်ရာထောင်ချီဖြတ်နေကြတာမြန်မာပြည်အရပ်ရပ်ကလူတွေပါတယ်
တရုတ်ပြည်အရပ်ရပ်ကလူတွေပါတယ်….ငှက်ပျောကားတွေ ရာပေါင်းများစွာ
ဟုတ်ကဲ့…ကျနော်တို့ပေါ့ဆလို့မရပါဘူး။ရောဂါပိုးဆိုတာ ပိုးတစ်ကောင် လူတစ်ယောက်ကစတာပါ။ကျနော့်တို့မြို့ ကျနော်တို့ပြည်နယ် ကျနော်တို့နိုင်ငံကိုရောဂါတွေမရောက်စေဖို့ ကျနော်တို့ အားလုံးမှာတာဝန်ရှိပါတယ့
တခုအားသာတာက ဝိုင်းမော်နယ်စပ်ကန်ပိုင်တီကိုဝင်ဖို့ဆိုတာ တရုတ်မြန်မာနယ်ခြားလှိုဏ်ဂူကိုဖြတ်ရတာပါ။လှိုဏ်ဂူအဝကစောင့်နိုင်လို့ကတော့ တစ်ယောက်မှလွတ်စရာမရှိပါဘူး
စုပေါင်းဂိတ်ချထားလိုက်ပါပြီ။ကျန်းမာရေးကစစ်ဆေးတာကိုတာဝန်ယူပါတယ်။ရဲတပ်ဖွဲ့ မီးသတ်တွေက လူတွေ ဆိုင်ကယ်တွေ ကားတွေကိုတားပါလိမ့်မယ်…ထွေအုပ်ကစီမံခန့်ခွဲပေးပါမယ်…တပ်က လုံခြုံရေးကိုတာဝန်ယူပါမယ်…ဆေးတပ်ကလည်း ကျန်းမာရေးဝန်ထမ်းများကိုကူညီပါမယ်
ဖြတ်လာခဲ့လိုက်ပါ။ရပ်တန့်ပေးဖို့တော့လိုပါမယ်…Infrared သာမိုမီတာနဲ့ အပူတိုင်းပါမယ်…၃၈ ဒီဂရီစင်တီဂရိတ်ထက်ကျော်ရင်တော့ နိုးပါ။လူကြီးမင်း ၁၅ မိနစ်စောင့်ပါ…ပြန်တိုင်းပါမယ်…၃၈ ထက်ကျော်နေသေးတယ်ဆိုရင်တော့…သံသယစဝင်ပါပြီ
မေးခွန်းများကိုဖြေရပါတော့မယ်…ချောင်းဆိုးလား နှာစေးလား…ရင်ကြပ်လား အသက်ရှုခက်သလား…ဝူဟန်ကလာတာလား..ဝူဟန်ရောဂါသည်တွေနဲ့ထိတွေ့ထားသလား
WHO Guide line အတိုင်းပါ။လိုအပ်တာနဲ့ တားဆီးပြီး ကြပ်မတ်ကုသကာကွယ်ကြရပါမယ်။ဝင်လာတဲ့ တရုတ်နိုင်ငံသားမှာ အဆိုပါအချက်တွေ တွေ့နေရပြီဆိုလို့ကတော့..No No No….Go back home ပါ။ဘယ့်သူမှအားနာစရာမလိုပါ
တရုတ်ကပြန်ဝင်လာတဲ့ကိုယ့်နိုင်ငံသားဆိုရင်တော့ Guide line အတိုင်းအပြည့်အဝကာကွယ်စောင့်ရှောက်မှာပါ။လူနာအတွက်ရောပတ်ဝန်းကျင်ကိုမကူးစက်ဖို့ရော
ယနေ့ လူစုံပါသည်။ပြည်နယ်ပြည်သူ့ကျန်းမာက
ဒုပြည်နယ်မှူး Dr နော်ရှယ်လ်တာ
ပြည်နယ်ကူးစက်ဆရာ WHOက Dr သက်ဇော်ထက်
ဝိုင်းမော်မြို့နယ်ကျန်းမာကန်ပိုင်တီတိုက်နယ်ဆေးရုံနဲ့ ပြည်သူ့ကျန်းမာ ကန်ပိုင်တီ မြို့အုပ်ချုပ်ရေးမှူး၊ ရဲ လဝက စိုက်ပျိုးရေး မီးသတ် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ရှေ့တန်း၂၇ ခြေလျှင်တပ်ရင်းမှူးနဲ့ ဆေးဗိုလ်ကြီးတို႔စုပေါင်းဆွေးနွေးဆောင်ရွက်ခဲ့ပါပြီ
PPE
Viral Culture transport media
N95 mask
Surgical mask
Surgical gown
Disposable bed sheath
Surgical glove
Caps
Exam glove
Infrared thermometer
Hand gel
Guide line
Report form
Duty roster
Poster
Phamplets
အစရှိတာတွေပေးပို့ထားပါပြီ
ပြည်သူအားလုံးတာဝန်သိသိနဲ့ ပူးပေါင်းကူညီကြဘို့အထူးလိုပါသည်။နယ်စပ်ခိုးလမ်းများကိုလည်း တာဝန်ရှိသူများက ပိတ်ဆို့ကြပါမည်
ကျော်ထက်အောင်လေသံဖြင့်ပြောလိုက်ချင်ပါသည်။မြန်မာပြည်ကြီးဘေးကင်းပါစေ…..
Thein Myo