မြို့ ကို ပိတ်ဆို့ထားတဲ့ကြားကနေ လူဦးရေ (၅) သန်းကျော် ထွက်ခွာလွတ်မြောက်သွားတယ်လို့ ၀ူဟန်မြို့တော်ဝန် ၀န်ခံ

လူဦးရေ (၅) သန်းကျော် ၀ူဟန်ကိုစွန့်ခွာသွားပြီဖြစ်

ပွဲတော်ရာသီရက် ဖြစ်နေတာ‌ရော ‌‌ကပ်ရောဂါ ကျရောက်နေတာတွေကြောင့်ရော အတွက် ၀ူဟန်မြို့သား လူဦးရေ (၅) သန်းကျော်ဟာ မြို့ ကို ပိတ်ဆို့ထားတဲ့ကြားကနေ ထွက်ခွာလွတ်မြောက် သွားခဲ့ပြီး လူ (၉) သန်းခန့်တော့ မြို့မှာ ကျန်ရှိနေသေးတယ်လို့ မြို့တော်ဝန် ဇူရှန်ဝမ်က ယ‌‌မန်နေ့ ညက၀န်ခံပြောကြားလိုက်ပါတယ် …။

တရုတ်နိုင်ငံတွင် ၀ူဟန်ကော်ရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၈၀ ဦးအထိရှိလာနေပြီး ကူးစက်ခံရသူ ၂၄၅၄ ဦးရှိနေပြီဖြစ်ကာ တစ်ကမ္ဘာလုံးတွင် ရောဂါကူးစက်ခံရသူ ၂၅၀၀ ကျော်ရှိလာကြောင်း တရုတ်အာဏာပိုင်များက ကြေညာချက်ထုတ်ပြန်သည်။

ယမန်နေ့က သေဆုံး ၅၆ ဦး ရှိနေရာမှ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် သေဆုံးသူ ၈၀ ဦးအထိ မြင့်တက်လာကာ ကူးစက်ခံရသူ အရေအတွက်မှာလည်း ရာချီ နေ့စဉ် မြင့်တက်လာနေသည်။

အခြားသော ကမ္ဘာ့နိုင်ငံများသို့ ကူးစက်ပျံ့နှံ့လာနေပြီး ကူးစက်မှု အခြေအနေမှာ ထိန်းချုပ်ရန် ခက်ခဲနေကြောင်း သတင်းများက ဆိုသည်။

Thailand 7/0 /3

ထိုင်း ကူးဆက်သူ (၇) ဦး ပြန်ကောင်းလာသူ (၃) ဦး

Hong Kong 6 /0

ဟောင်ကောင် ကူးဆက်သူ (၆)ဦး

Macau 5 /0 /0

မာကာအို (၅)ဦး

Australia 4/ 0/ 0

ၾသစေတးလ် (၄)ဦး

Malaysia 4 /0/ 0

မေလးရွား (၄)ဦး

Singapore 4 /0 /0

စကၤာပူ (၄)ဦး

France 3 /0/ 0

ပြင်သစ် (၄) ဦး

Japan 3

ဂျပန် (၃)ဦး

South Korea 3/ 0 /0

တောင်ကိုရီးယား (၃)ဦး

Taiwan 3/ 0 /0

ထိုင်ဝမ် (၃) ဦး

United States 3 /0/ 1

အမေရိကန် (၃) ဦး

Vietnam 2 /0 /0

ဗီယက်နမ် (၂)ဦး

Nepal 1 /0 /1

နိပေါ(၁) ဦး

Pakistan 1 /0/ 0

ပါကစ္စတန် (၁)ဦး

မြန်မာနိုင်ငံကတော့ တရုတ်နဲ့ကပ်နေပေမယ့် ယခုအချိန်ထိ ရောဂါဖြစ်ပွားသူ မရှိသေးဘူးလို့ တာဝန်ရှိသူတွေက ကြေငြာထားပါတယ်

Source : China Daily

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!