NLD ကို ထောက်ခံတာ၊ ၀န်ထမ်းဖြစ်နေတာနဲ့ပဲ အဆီအငေါ်မတည့်တဲ့ အမိန့်တွေကို ငြိမ်ပြီး နာခံရတော့မှာလားလို့ မေးခွန်းထုတ်လိုက်တဲ့ ဆရာမ

ကျွန်မ သည် ဖဲကြိုးစိမ်း လှုပ်ရှားမှု ကို ထောက်ခံသူ ဆရာမတစ်ယောက်ပါ ။

ကျွန်မ သည် ဒေါ်အောင်ဆန်းစုကြည် ကို အားကိုးယံုၾကည္ မြတ်နိုးသူ တစ်ယောက်ပါ ။

အရင်ကရော အခုရော နောင်အနာဂတ်မှာပါ NLD ကို ပဲ မဲပေးမည့် သူပါ ။

စနစ်သစ် ပညာရေး ပြောင်းလဲ လာတာကို လဲ ဝမ်းမြောက်ဝမ်းသာ လက်ခံသူ တယောက်ပါ ။

ဆရာ အလုပ် ကို လဲ ငတ်လို့ လုပ်ခြင်း မဟုတ်ပဲ ဝါသနာ ပါလွန်း မြတ်နိုးလွန်း လို့ ဒုက္ခ ခံ လုပ်ခဲ့သူပါ ။ ၂၀၁၅ မဲရုံတာဝန် ကို လုပ်ချင်လွန်းလို့ (ကျွန်မ ကို မဲရုံတာဝန် မှ ဖြုတ်ချခဲ့တာကို) တာဝန်ရှိသူတွေ ကို လိုက်ပြောခဲ့သူပါ ။

NLD ကို ထောက်ခံတာ ၊ လက်ရှိ ဝန်ထမ်း ဖြစ်နေတာနဲ့ ပဲ အဆီအငေါ် မတည့်တဲ့ အမိန့်တွေ ကို ငြိမ်ပြီးနာခံရတော့မှာလား ။

ကျွန်မ တို့ ပြောနေတာ အစိုးရကို ဆန္ဒပြနေခြင်း မဟုတ်ပါ ။ စနစ်သစ်ပညာရေး ကို ကန့်ကွက်နေခြင်း မဟုတ်ပါ ။ မတ်လကုန် အထိ ကျောင်းတက် ရမှာ ကို ကန့်ကွက်နေခြင်း မဟုတ်ပါ ။

သေချာ သိလို လျင် တကယ့် ပညာရှင်တွေ ရေးပြ ထောက်ပြ ဝေဖန်ပြနေသည့် ပိုစ့်များ ကို ရှာဖတ်ကြပါ ။

‌ပညာရေး ကို နားမလည်သည့် အပြင်လူ တွေ က ‌ထင်ရာမြင်ရာ ပြောနေတာတွေ ကို ခွင့်လွှတ်ပေးလို့ ရပါသေးတယ်။

ပညာရေး ဝန်ထမ်းတွေ ဖြစ်ပြီး ကြောင်တောင်တောင် တွေ ရေးနေတာတော့ စိတ်ပျက်မိပါတယ် ။

ကြောက်တယ်ဆိုတဲ့ ခေတ်ကို ကျော်ဖြတ်ခဲ့ပြီးပြီလေ ။

အခုချိန်ထိ အကြောက်တရားတွေ က ချုပ်ကိုင်ထားဆဲလား ။

#ဒေါ်သူဇာတင်ဝင်း

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!