မူဆယ်တွင် ၀ူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသူ (၂) ဦး တွေ့ရှိ ဆိုသည့် သတင်းနဲ့ပတ်သတ်ပြီး ခရိုင်ကျန်းမာရေးဦးစီးမှ ရှင်းလင်း

မူဆယ်တွင် Coronavirus ပိုးကူးစက်ခံရသူ (၂ ) ဦးတွေ့ရှိဆိုသည့်သတင်းမှားယွင်းကြောင်း ခရိုင်ကျမ္မာရေးဦးစီးမှအတည်ပြုေျပာၾကားခဲ႔ပါတယ္

၂၀၂၀ ဇန် ၂၈

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင်ပြီးခဲ့တဲ့ ဇန် ၂၆ ရက်နေ့က ရွှေလီမြို့မှ ပြန်လာကြသည့် မခိုင်မာရီ (၂၆ ) နှစ်နှင့် မောင်အာကာကောင်းပိုင် (၂၀ ) နှစ်တို့သည်အဖျားအနည်းငယ်ရှိ၍ မူဆယ်မြို့ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေစဉ် ” Coronavirus ပိုးပျံ့နှံ့ကူးစက်ခံထားရသူ ( ၂ ) ဦးမူဆယ်တွင်တွေ့ရှိဆိုသည့်သတင်းမှားယွင်းကြောင်း

ယနေ့မနက်မူဆယ်မြိုခရိုင်ထွေအုပ်ရုံးတွင် ” ဗိုင်းရပ်စ်ပိုးကာကွယ်တားဆီးရေးနှင့်ထိန်းချုပ်နိုင်ရေး ” အစည်းအဝေး၌ ခရိုင်ကျမ္မာရေးဦးစီးမှူး ၊ ဆေးရုံအုပ်ကြီးဒေါက်တာမျိုးဇော်မှပြောကြားခဲ့ကြောင်းသတင်းရရှိသည် ။

လတ်တလောအခြေအနေမှာတော့ မောင်အာကာကောင်းပိုင်သည် သာမာန်ဖျားနာသည့်အဖျားပျောက်ကင်းပြီး ဆေးရုံမှဆင်းသွာပြီဖြစ်ကြောင်းနှင့် မခိုင်မာရီမှာတော့ဆေးရုံတွင်ကုသနေဆဲဖြစ်ပြီး Coronavirus ပိုးကူးစက်ခံရမှုမရှိကြောင်းသတင်းရရှိပါသည် ။

Photo Crd

Si Thu Maung

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!