မင်းသူ့ကိုချစ်တယ်ပေါ့ ဟုတ်လားဒါဆို ဒါလေးတစ်ချက်နားထောင်ကြည့်ပါဦး…

မင်းသူ့ကိုချစ်တယ်ပေါ့ ဟုတ်လားဒါဆို ဒါလေးတစ်ချက်နားထောင်ကြည့်ပါဦး…

မင်းသိလား လူတစ်ယောက်ကိုသဘောကျဖို့ဆိုတာလွယ်လွယ်လေး တကယ်ချစ်ဖို့သာခက်ခဲတာပါချစ်တယ်ဆိုတာအပြောနဲ့မလုံလောက်ဘူးအရာအားလုံးကိုလက်ခံပေးနိုင်ပြီး ထပ်တူကျနိုင်ဖို့လိုတယ်အဲလိုမဟုတ်ပဲ လူတိုင်းမြင်နိုင်တဲ့အားသာချက်တွေကြောင့်လူတစ်ယောက်ကိုမချစ်ပါနဲ့

Loading...

လူတိုင်းမှာ အမှောင်ခြမ်းဆိုတာရှိတယ်အဲလိုပဲ မင်းချစ်ပါတယ်ဆိုတဲ့သူမှာလည်းရှိမှာပဲ…

လူတိုင်းမသိနိုင်တဲ့ သူ့ရဲ့အမှောင်ဖက်ခြမ်းကအကျင့်စရိုက်တွေ အားနည်းချက်တွေ သိမ်ငယ်မှုတွေနဲ့တခြားမကောင်းတဲ့အရာတွေအများကြီးရှိနေနိုင်တယ် သိသွားရင်ကောမင်းသူ့ကိုဆက်ပြီးချစ်နိုင်မှာလား

တစ်ခါတစ်လေ သူစိတ်မကြည်လို့စိတ်ထဲရှိတဲ့အတိုင်းလူတချို့ကိုဘုကန့်လန့်တိုက်တဲ့အခါ မင်းသူ့ကိုနားလည်ပေးနိုင်မှာလား

Loading...

တစ်ခါတစ်လေ သူ့အတွက်သူတစ်ကိုယ်ကောင်းဆန်ပြီးဆုံးဖြတ်မိတဲ့ကိစ္စတချို့ကို မင်းသူ့လိုတွေးပြီးနားလည်ပေးနိုင်မှာလား

တစ်ခါတစ်လေ သူစရိုက်ဆန်ဆန်နေမိတဲ့အခါမျိုးကိုစိတ်ပျက်စရာအဖြစ်မမြင်ပဲ ပုံမှန်အတိုင်းမင်းလက်ခံပေးနိုင်မှာလား

တချို့ကိစ္စတွေကို မင်းမျှော်လင့်ထားသလို မဆုံးဖြတ်ပဲသူ့ရဲ့အတ္တနဲ့ဆုံးဖြတ်လိုက်တဲ့အချိန်မျိုးကော မင်းစိတ်မပျက်မှာသေချာလား

တစ်ယောက်တည်း လွတ်လွတ်လပ်လပ်ရှိတဲ့အချိန်မှာသူ့ရဲ့ပျင်းရိမှု ညစ်ပစ်မှုတွေနဲ့ရုပ်ဆိုးအကျည်းတန်မှုတွေကိုရောလက်ခံနိုင်မှာလား သူများတွေထက်မင်းချစ်ပေးနိုင်မှာသေချာရဲ့လား

သူ့ရဲ့အမှောင်ခြမ်းကမကောင်းတဲ့ အရာတွေကိုလက်ခံပေးနိုင်ဖို့သေချာပြီဆိုမှ ချစ်တယ်ဆိုတဲ့စကားကိုပြောပါအဲလောက်လေးတောင် မတွေးထားပဲနဲ့တော့ချစ်တယ်လို့မပြောပါနဲ့ မထင်ထားတဲ့အရာတွေကြောင့်
စိတ်ပျက်စိတ်ကုန်သွားအခါ နှစ်ယောက်စလုံးမလိုအပ်ပဲနာကျင်ရလိမ့်မယ်…

#ညီစေမင်း

error: Content is protected !!