မင်းနဲ့ကိုနဲ့ကြားမှာရှိတဲ့ နားလည်မှုဆိုတာ.. . .ရန်ကုန်က ကားသမား မန္တလေးမြို့လည်ခေါင်မှာ သွားမောင်းသလိုပါပဲ

တကယ်တော့ ဘေဘီ

မင်းနဲ့ကိုနဲ့ကြားမှာရှိတဲ့ နားလည်မှုဆိုတာ

ရန်ကုန်ကကားသမားမန္တလေးမြို့လည်ခေါင်မှာသွားမောင်းသလိုပါပဲ

မင်းရပ်မယ်ဆိုရပ်ချင်ရပ်လို့ရပါတယ်

မင်းဆက်သွားမယ်ဆိုလည်း သွားချင်သွားလို့ရပါတယ်

ရပ်မလိုလို ကွေ့မလိုလိုနဲ့ ဒဲ့ပြန်သွားချင်လည်း သွားလို့ရပါတယ်

ကိုကသီးခံပေးပြီးသားပါ

တကယ်တော့ ဘေဘီ

မင်းနဲ့ကိုနဲ့ကြားကြ နားလည်မှုဆိုတာ မိုးကုတ်မြို့ကိုသွားတဲ့ကားလမ်းလိုပါပဲ

မင်းအရင်ချမှာလား

ကိုအရင်ချရမလား (လမ်းဘေးကိုကားကပ်ပေးတာပါ 😆)

မင်းချမလိုလိုနဲ့ ကိုကချပေးလိုက်ရတဲ့အခါရှိသလို

ကိုချမယ်ပြင်နေတုန်းမင်းချပေးလိုက်တာလဲရှိခဲ့ကြတယ်

နှစ်ယောက်စလုံးပြိုင်တူချတဲ့အခါရှိဖူးသလို

နှစ်ယောက်စလုံးမချဘဲ တင်းခံရင်း ပွတ်မိသွားအခါတွေလည်းရှိခဲ့ဖူးတယ်..

တကယ်တော့ဘေဘီ

ကိုမင်းကိုချစ်တဲ့အချစ်က မန္တလေးမှာထိုးမုန့်ဝယ်သလို တဝမြည်းပြီးမှ မဝယ်တဲ့ဖောက်သည်လို မဟုတ်ရပါဘူး

ပုံစံမျိုးစုံမြည်းကြည့်တာတော့ဟုတ်ပါတယ်

လက်နဲ့နှိုက်မြည်းတယ် ဇွန်းနဲ့ကလော်ထိုးကြည့်တယ် ခက်ရင်းနဲ့ထိုးကြည့်တယ်

(မုန့်ကိုပြောပါတယ်)😆

ပလုပ်ပလောင်းမြည်းတယ် လျှာနဲ့တို့ကြည့်တယ် မျိုးစုံတဝမြည်းပြီးမှ အပိုင်ဝယ်စားမယ့်အချစ်မျိုးပါ…ကိုမြည်းတာကို မနှမြောပါနဲ့ ဘေဘီ…

စမက်စီးတီးပြောပြီး ရေမြောင်းတွေပိတ်နေတဲ့ မန္တလေးလို အနည်းငယ်ချို့ယွင်းချက်တွေရှိနေပေမယ့်

လှမြဲ နန်းဆန်မြဲ မန္တလေးမြို့ကြီးလို ဘေဘီ့ကို.. ဘာစီးတီးမှလည်းမဖြစ်ဘဲနဲ့

YBS လေးကိုကမ္ဘာထင်နေတဲ့ ရန်ကုန်မြို့ကြီးလိုကိုယ့်အချစ်တွေက အကြင်နာမိုးတွေရွာတိုင်း ရင်ခွင်လမ်းတွေထဲ ရေမြုပ်နေဆဲပါ….

ဘေးကလူတွေညှော်ချက်က ရန်ကုန်မြို့၁၉လမ်းက အကင်ဆိုင်တွေထက်ဆိုးပေမယ့်

ကိုယ်တို့အချစ်က မန္တလေးကျုံးထဲကရေတွေလို အမြဲတည်ငြိမ်လျက်ပါ…

မင်းအပေါ်အကြင်နာတွေက ရန်ကုန်ကလမ်းဘေးဈေးသည်တွေလို ဘယ်သူမှဖြိုဖျက်လို့မရနိုင်သလို မန္တလေးက ခိုတောင်မုန့်တီလိုတော့ပေါ့ပျက်ပျက်မဖြစ်စေချင်ဘူး…

အတားအဆီးတွေအရမ်းများတယ်ဘေဘီ..

ရန်ကုန်မြို့ကမီးပွိုင့်တွေလို နှစ်ဘီးလောက်လှိမ့်ပြီး ပွိုင့်တစ်ခုထပ်တွေ့သလို အခက်အခဲတွေနဲ့အတားအဆီးတွေရှိပေမယ့်

တချိန်ကြရင် မန္တလေးလမ်းဆုံတွေလို ပွိုင့်တွေမရှိပဲ စိတ်တိုင်းကျချစ်လို့ရတော့မှာပါ..

မငိုပါနဲ့ ဘေဘီ…

နောက်ကျရင် ရန်ကုန်က club တွေလို အချစ်တွေညလုံးပေါက်ရင်ခုန်ရတော့မှာပါ

ရန်ကုန်က လမ်းဘေးခွေးတွေလို အချိန်မရွေးရန်ပြုခံရနိုင်ပေမယ့်

ဘေဘီ့အပေါ်ကိုယ့်အချစ်က မန္တလေးက ညဘက်လှည့်ကင်းတွေလို အမြဲ စောင့်ရှောက်နေမှာပါ…

ဒါပဲ ဘေဘီ

ရန်ကုန်မြို့လည်မှာ တရားဝင်ဆိုင်ကယ်စီးခွင့်ရတဲ့တနေ့…

မန္တလေးဘူတာကြီးမှာ ကျည်ဆံရထားပြေးဆွဲတဲ့တနေ့….

ကိုယ်တို့လက်ထပ်ဖြစ်ကြမှာပါ…

စောင့်နေနော်…😆

Min Yel Kyaw Swar 💙

error: Content is protected !!