ကိုယ်တိုင်မစွံလို့ အမေ့ကို မိန်းမတောင်းခိုင်းသောအခါ

” အမေ ”

” ဘာလဲ? ”

” အမေ့မှာ သူငယ်ချင်းတွေ ဘာတွေ မရှိဘူးလား? ”

” ဟဲ့..ရှိတာပေါ့..ဘာလုပ်မလို့လဲ? ”

” ဟို..သမီးမိန်းကလေး မွေးထားတဲ့သူငယ်ချင်းတွေကော ရှိလား? ”

” အမလေး..ပေါ ပ..”

” ဒါနဲ့များ..အမေရာ..”

” ဟဲ့..ဘာတုန်း..”

” အမေတို့ အာ့ ခက်တာပဲ..သား အသက်က ၃၀ ပြည့်တော့မယ်..ခုထိ အမေတို့က ကြည့်ကောင်းကောင်းနဲ့ ကြည့်နေနိုင်တယ် ”

” အွန် ”

” အလကား.. အမေတို့က မိဘဝတ္တရား ကို မကျေဘူး..ဟွန်း”

” ဘုရားရေ..”

” ကိုယ့်သားလေး တစ်ယောက် ရှိတာ..အချိန်တန် အရွယ်ရောက် မိန်းမ ပေးစားပါလား လို့..”

” အောင်မလေးတော်..တော့်ကို မိန်းမ ပေးစားရအောင်..ဘယ်မလဲ..တော့်ရီးဇား ဘယ်မလဲ တော့်ချစ်သူ..ကဲ..”

” ဟာဗျာ..မရှိလို့..အမေ့ကို ရှာခိုင်းနေတာပေါ့..ရှိမှတော့..ပြောမလား အမေရ”

” အောင်မယ်..ကွကိုယ် အဖြစ်မရှိပဲ..အမေကို လာ အပြစ် ပြောနေသေး..အံ့သြဘ..”

” အမေတို့ အဲ့ဒါပဲ..ရုပ်ရှင်ထဲက မိဘတွေများ အရမ်း ကွာတယ် ”

” အွန် ”

” ရုပ်ရှင်ထဲမှာ ကြည့်..အမေတွေက..သားလေးကို အရွယ်ရောက်တာနဲ့..နေရာချပေးမယ် ဆိုတာချည်းပဲ..လူ/ကယ်ဝန်ကြီးလား အောင်းမေ့ရတယ်..သားလုပ်တဲ့သူက ငြင်းရင်တောင်..” မရဘူး မရဘူး.ဟင့်အင်း ဟင့်အင်း. သူနဲ့ပဲ ယူရမယ်..မယူရင် သေခန်းပြတ် ဘာညာ.. ဒါကို သားလုပ်တဲ့က လက်မခံ.. အိမ်ဖော်မပဲ ယူမယ် ဆိုပြီး အမေကို ကက်ကက်လန် ရန်တွေ့..ဟော..အမေက ” သား သားလေး..အိုး အူး အား ”ဆိုပြီး အမောဖောက် လဲကျ..
သားလုပ်တဲ့သူက မလွှဲသာ မိဘစကား နားထောင်လိုက်ရ..သူဌေးသမီးနဲ့ ညား..ကဲ..ဘယ်လောက် ကောင်းလိုက်သလဲ ”

” အင်းနော်..ဇာတ်လမ်းလေးက ကောင်းသား..”

” ဟာ..အမေကို ဇာတ်လမ်း ပြောပြနေတာ..မဟုတ်ဘူး..ရုပ်ရှင်ထဲက မိဘတွေလို ဝတ္တရား ကျေဖို့ ပြောနေတာ..”

” ဟုတ်ကဲ့ပါရှင်..မသိလို့ ဆုံးမပါရှင် ”

” တကယ်ဗျာ..အံ့သြတယ်..ကိုယ့်သားသမီး နောင်ရေးအတွက်..ဘာလေးညာလေးများ စီစဉ်ထားတာကို မရှိဘူး..ဟွန်းး..လက်လန်တယ် ”

” ဟား ဟား ဟား..ငါ့သား ငချွန်ကတော့လေ..”

” မရီနဲ့..အတည်ပြောနေတာ..”

” အမလေး..သားရယ်..အမေ့မှာ ဒီသားလေး တစ်ယောက် ရှိတာ..သားလေး နောင်ရေးအတွက် မစီစဉ်ထားပဲ နေပါ့မလား ”

” ဟာ..အာ့ အာ့ဆို ..အမေ အမေက စီစဉ်ထားတာ ရှိတယ်ပေါ့နော် ”

” ရှိတာပေါ့..သားရယ် ”

” အဟား ဝမ်းသာလိုက်တာ အမေရာ..အဟေးဟေး…ဟို ဟို..ပြောပါအုံး..အမေ အမေက ဘယ်လို စီစဉ်ထားတာလဲဟင် ”

” ငှက်ပျောပင်တွေ စိုက်ထားတာလေ.”

” ငှက်ပျောပင်..”

” အေ့လေ….”

” ဟာဗျာ…အမေ ဗျာ..”

ဟား ဟား ဟား..

အမေဗျာ..ရက်စက်လိုက်တာ..ကျုပ်အတွက်များ..ငှက်ပျောပင် တဲ့

?????

#လူချွန်တော်

error: Content is protected !!