၃၇ မင်းသော နတ်တို့ ဒုက္ခရောက်ချိန်

အ​မွှေးတိုင်​ရနံ့​တွေမွမ်းကြပ်​လွန်းသဖြင့်​ ​ကျောင်း​ဆောင်​တံခါးကို ဝုန်းခနဲဖွင့်​လိုက်​မိ​တော့ အပြင်​ဖက်​တွင်​ ငုတ်​တုတ်​က​လေးထိုင်​​နေ​သော အဘ ဘိုး​ဘိုး​အောင်​ကို​တွေ့လိုက်​ရသည်​။

” ဟယ်​….အဘ၊ ဒါကဘယ်​လိုဖြစ်​တာလဲ”

အဘက မြနန်းနွယ်​​ကိုဘာမျှပြန်​မ​ပြော မျက်​လုံး​လေး​ပေကလပ်​​ပေကလပ်​ဖြင့်​သာကြည့်​နိုင်​သည်​။ အ​တော်​​မော​နေဟန်​တူသည်​။

“အမ​လေး…လုပ်​ကြပါဦး၊ အစ်​​မ​တော်​တို့၊ အဘတို့ရဲ့ ”

“ဟင်​…ဟိုဟာ.. .ဟိုဟာ…ကိုတင့်​တယ်​မဟုတ်​လား၊ ဘယ်​နှယ့်​ဖြစ်​လာပါလိမ့်​”

ကိုတင့်တယ်​ခမျာ ​တောင်​ရှည်​ကို အနိုင်​နိုင်​ပိုက်​ရင်း​ပြေးလာပုံရသည်​။

“လုပ်​ပါဦးအစ်​မ​တော်​ရဲ့…ကျွန်​​တော့်​ကိုဆက်ထားတဲ့​အုန်းသီး​ကိုစွန့်​၊ ထုံး​တွေနဲ့ကွင်းပြီး အ​ဆောင်​အဖြစ်​ယူသွားမလို့တဲ့၊ စာ​မေးပွဲမှာပါမဲ့​မေးခွန်း​လေးဘာ​လေးအိပ်​မက်​​ပေးပါတဲ့၊ တဂျီဂျီလာဆု​တောင်း​နေုကြတာ၊ ဘယ်​လိုမှနားမခံသာ​တော့တာနဲ့ထွက်​​ပြေးလာရ​တော့တာပဲ၊အကြံ​ပေးပါဦးအစ်​မရဲ့”

“ဟဲ့…ဘယ်​သူကလဲ”

“ဆယ်​တန်း​က​လေး​တွေရှိတဲ့မိဘ​တွေ​ပေါ့”

“ဟယ်​…ဒုက္ခပဲ၊ ငါ့ဆီမလဲ…မိုးမလင်း​သေးဘူးအ​မွှေးတိုင်​​တွေ၊နွားနို့​တွေ၊ အုန်းပွဲ​တွေလာပို့ထားလိုက်​ကြတာ အသက်​ရှူ​တွေ​တောင်​ကြပ်​​နေပါပြီဟယ်​၊ ပုဝါ​တွေလာလာခြုံ​ပေးကြလို့လည်း ပူလှအိုက်​လှပါပြီ”

ကိုတင့်​တယ်​နှင့်​ မြနန်းနွယ်​​တို့​ပြော​နေသည်​ကို နား​ထောင်​​နေသည့်​ အဘကဝင်​​ပြောသည်​။

“​အေး…ငါ့လည်း နာမည်​မှာ​အောင်​ပါတယ်​ဆိုပြီး ဆယ်​တန်း​အောင်​​အောင်​လာဆု​တောင်း​နေလိုက်​ကြတာ၊ အိပ်​​ကောင်းခြင်းမအိပ်​ရ နား​ကောင်းခြင်းမနားရနဲ့ပါကွာ”

“အဘ​ရေ…အဘ….အ​မေဂျမ်းကိုမ​တွေ့ကြဘူးလားဗျာ၊ လုပ်​ကြပါ​၊ ဒင်းတို့ကို က​လော်​တုတ်​တတ်​တာ အ​မေပဲရှိတာ၊ ဒီ​လောက်​​တောင်​​ဒုက္ခ​ပေးတဲ့ဟာ​တွေ အဆဲခံရမှ​အေးမှာ”

“နို့…မင်းက​ရောဘာဖြစ်​လာပြန်​တာတုန်း”

“ကျွန်​​တော့်​ဆီလည်း ဆယ်​တန်း​ကျောင်းသား​မိဘ​တစ်​​​ယောက်​ ​ရောက်​လာ​ပြီး ဆု​တောင်းတ​ယ်​​လေ”

” ဟ…ဆယ်​တန်းကိစ္စက မင့်​နဲ့လားလားမှမဆိုင်​တာ၊ မင့်​ဘာသာ​တောင်​မူး​နေတာ သူတို့မသိကြဘူးလား”

“ဆိုင်​ပါ​သော​ကောဗျာ၊ ကျွန်​​တော်​ကအရက်​သမားမဟုတ်​လား၊ အဲဒီ​အော်​ဂဲနစ်​ဆိုလား ဘာဆိုလားမှာ အယ်​လ်​ကို​ဟောအ​ကြောင်းပသတဲ့၊ အဲဒါသူ့က​လေးက အဲဒီအပိုင်းမရလို့ အယ်​လ်​ကို​ဟောစပယ်​ရှယ်​လစ်​ဖြစ်​တဲ့ ကျွန်​​တော့်​ကို လာကိုးတာတဲ့”

“ငှယ်​”

အားလုံးမျက်​လုံးအဝိုင်းသား ပါးစပ်​အ​ဟောင်းသားဖြစ်​ကုန်​ကြသည်​။

“အဘ…အဲဒါဆို အ​မေ့လှမ်း​ခေါ်မှပဲ၊ ဒီလူ​တွေလွန်​လွန်း​နေပြီ”

အဘက မည်​သို့မည်​ပုံဆက်​သွယ်​လိုက်​သည်​မသိ။ အ​မေတစ်​​ယောက်​ ပလွတ်​ ခနဲ​ပေါ်လာသည်​။ အ​ကြောင်းစုံသိ​တော့ အ​မေတင်း​လေပြီ။

“အ​မေဂျမ်းတဲ့….တဂျမ်းတည်းရှိတယ်​၊ ​သောက်​​ကောင်​မ​တွေ​ကောင်​ထီး​တွေ​နော်​…အစတည်းက စာအ​သေအခြာမကျက်​ကြဘဲ နတ်​စိမ်းနတ်​ကျက်​မကျန်​ အပူလာတိုက်​​နေကြတယ်​၊ငါတို့ဆီ…ငှက်​​ပျောသီး​တွေအုန်းသီး​တွေလာလာပို့ပြီး ဘာသာစုံဂုဏ်​ထူးတို့ဘာတို့ မတန်​တဆဆုမ​တောင်းကြနဲ့ဟဲ့၊ နင်​တို့အဲလိုလုပ်​​တော့ဗေဒင်​မ​တောက်​တ​ခေါက်​နဲ့ ဆရာ​ယောင်​​တွေအကြိုက်​​ပေါ့၊ ယတြာ​ခြေခပဲနည်းလား၊ အဲဒီဟာ​တွေဆီအချိန်​ကုန်​​နေမဲ့အစား စာကျက်​ကြပါလား၊

မေးခွန်း၅စုံဆိုပြီး လုပ်​စားတဲ့ဟာ​တွေလည်း ကြပ်​ကြပ်​သတိထား​နေကြ၊ ငါ အကုန်​လုံးကိုပတ်​ကြမ်းတိုက်​ပစ်​လိုက်​လို့ မီးပွင့်​သွားမယ်​၊ သွားကြစမ်း၊ ”

အ​မေဂျမ်းက​တော့ က​လော်​တုတ်​​လေပြီ။ အ​မေဂျမ်း ​စွေ့​စွေ့ခုန်​​နေသည်​ကို မမြင်​ကြမကြားကြ​သောလူသားတို့က​တော့ တတွတ်​တွတ်​ ဆု​တောင်းမြဲ။ အုန်းပွဲငှက်​​ပျောပွဲကန်​ထရိုက်​များကား တပြုံးပြုံး၊ ​ဗေဒင်​ဆရာများ​ရှေ့တွင်​လည်း လူတအုံးအုံးဖြစ်​မြဲပင်​။ အ​မွှေးတိုင်​နံ့ ဖ​ယောင်းတိုင်​ နံ့များမခံနိုင်​လွန်း​သော အဘတို့အဖွဲ့မှာ​တော့ mask ကိုယ်​စီဖြင့်​…..။

#Crd_’

Zwemon Mon

error: Content is protected !!