( ၆) လသားအရွယ်ကလေးလေး အမိမဲ့တော့မယ် ကလေးအမေက ငွေမပေးနိုင်လို့ အသက်ပေးရတော့မှာလား? စာနာပေးပါ TNLA ……

ပြန်လွတ်ပေးပါ TNLA( ၆) လသားအရွယ် ကလေးလေး အမိမဲ့တော့မယ် ကလေးအမေက ငွေမပေးနိုင်လို့ အသက်ပေးရတော့မှာလား? စာနာပေးပါ။ TNLA

မတ်လ ၁၂ ရက်

TNLA လက်နက်ကိုင် အဖွဲ့က ဇန်န၀ါရီ ၆ ရက်နေ့မှာ ပန်းဆေးဒေသက ပန်မောင်းကျေးရွာနဲ့ တာကွန့်ကျေးရွာအတွင်း ကိုဝင်ပြီး ရွာသား ၁၅ ဦးကို အဓမ္မဖမ်းဆီးချုပ်နှောင်သွားခဲ့တယ်။ အဲ့ဒီ၁၅ ဦးထဲမှာ အသက် ၆ လ အရွယ် နို့တိုက်မိခင် တစ်ယောက်ပါသွားပါတယ်။ သူနဲ့အတူ ဖမ်းခံရတဲ့ အခြား လူအချို့ပိုက်ဆံပေးပြီးလို့ ပြန်လွှတ်လာသူရှိပေမယ့် ကလေးလေးရဲ့ အမေတော့မပါသေးဘူး။

ဘာဖြစ်လို့လဲဆိုရင် သူတို့ ဖမ်းခံရချိန်မှာ သူ့ယောက္ခမရယ် သူတို့ သားမိရယ် အိမ်ထဲမှာ လူကြီးနှစ်ယောက် ဖမ်းခံရတယ်။ TNLA က လူတစ်ယောက်ကိုဖမ်းပြီး အနိမ့်ဆုံး သိန်းသုံးဆယ်တောင်းပြီး ရိုက်နှက်ပြီးမှ ပြန်လွှတ်ပေးတာဆိုတော့ သူ့ ယောက္ခမကို သိန်းသုံးဆယ် ပေးပြီးပြန်ရွေးထားရတော့ သူ့ကိုရွေးစရာ မရှိတော့ ယနေ့ ထိတိုင် နှစ်လ ကျော်ကြာ သူ့ကလေးနဲ့ သူ့အမေ ခွဲနေရတယ်။နှစ်လကျော်ကြာ ခွဲနေရတဲ့ ကလေးအမေ တစ်ယောက် သားသမီးနဲ့ ခွဲနေရလို့ သူ့ သားလေးကို လွမ်းချိန်ရပါ့မလား TNLA လက်နက်ကိုင် သောင်းကြမ်းသူအဖွဲ့က လူဖမ်း ငွေတောင်း ရိုက်နက် ဖမ်းဆီး ချုပ်နှောင်ယုံသာမက အမေ နှမ ချင်းမစာမနာ ယုတ်ညံ့ခြင်းကိုခံနေရပါတယ်။

ယောက္ခမ နဲ့ မြေးအားတွေ့ရစဉ်

ကလေးမွေးထားတဲ့ သွေးနု သားနုအမျိုးသမီးကို နေ့စဉ်ရက်ဆက် ရိုက်နှက်တယ်၊ မနက် ၄ နာရီဆိုထ TNLA စစ်သားစားဖို့ ချက်ပြုတ်လျှော်ဖွတ်ရတယ်။ အလေးအပင်နေ့တိုင်းသယ်ရတယ်။ ထမင်း ကျွေးတော့ သူတို့ ရဲဘော်စားပြီး အကျွင်းအကျန်ကိုတောင် ဖမ်းဆီးခံရတဲ့ ရွာသားအားလုံးကို မကျွေးပါဘူး။ ဟင်းတွေကို သွန်ပစ်ပြီး နင်တို့ လူမျိုးကို အားလုံး အသေသတ်ရမယ်ပြောပြီး ထမင်းဂျိုး ထမင်းအဖြူထည်သာ စားရပါတယ်။ သုံးရက်တစ်ခါမှ မုန်ညင်း ဟင်းအရည်တစ်ခွက်နဲ့ကျွေးပါတယ်။အခုတော့ TNLA ဖမ်းဆီးနိပ်စက်ခံထားရတဲ့ ကလေးလေးရဲ့အမေမှာ” သားအိမ်ကျနေတာက အပြင်တောင် ထွက်ကျနေပါတယ်။ အပြင် နေမြင်ရလောက်အောင် တွဲကျနေပါတယ်။ ဒီရက်ပိုင်း အတွင်းသာ အချိန်မီ မကယ်နိုင်ရင် ကလေးလေး အမေ အသက်ဆုံးရပါလိမ့်မယ်။ ကယ်ကြပါဦး စာနာပေးကြပါ သူဘယ်လောက်ခံစားနေရမလဲ ၆ လသားအရွယ်ကလေးလေး အမိမဲ့ဖြစ်ရမှာလား အမြန်းဆုံးပြန်လွတ်ပေးပါ။

ဟီးရိုးပန်းဆေး

ပုံစာ TNLA ကိုပိုက်ဆံ သိန်းသုံးဆယ်ပေးပြီး ပြန်လွှတ်လာတဲ့

error: Content is protected !!