ချင်းပြည်​နယ်​ ၂၀၁၈-၂၀၁၉ ဘတ်​ဂျက်​ ကျပ်​သန်း တစ်​သိန်းခွဲနီးပါးထဲမှာ ​ဆောက်​လုပ်​​ရေးတွက်​အများဆုံးလျာထား

ချင်းပြည်နယ် ဘတ်ဂျက်အသုံးစရိုက်မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁၄၄,၈၉၆ သန်းရှိမယ်​လို့ခန့်​မှန်းပြီး ယင်းတို့ထဲက ၆၁ ရာခိုင်နှုန်းဖြစ်​တဲ့ ကျပ်သန်း ၆၇, ၀၅၀ ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော်​တဲ့ လုပ်ငန်းစီမံကိန်းအတွက်သုံးစွဲဖို့လျာထား​ကြောင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာ​ရေးနှစ်​ ချင်းပြည်​နယ်​ရဲ့ ရသုံးခန့်​မှန်း​ခြေ​ငွေစာရင်းဆိုင်​ရာ အချက်​လက်​များစာအုပ်​ထဲမှာ ​ဖော်​ပြထားပါတယ်​။

ဒုတိယအများဆုံးလျာထားတဲ့ ကဏ္ဍက​တော့ ပြည်နယ်ဗဟိုအဖွဲ့အစည်းများ- ကျပ်သန်း ၂၁ ၃၃၄(၁၉ရာခိုင်နှုန်း)၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန- ကျပ်သန်း ၈၄၃၁(၈ရာခိုင်နှုန်း)၊ စည်ပင်သာယာရေးအဖွဲ့များ-ကျပ်သန်း ၆၉၄၇(၆ ရာခိုင်နှုန်း)၊ ပြည်ထဲရေးဝန်ကြီးဌာန-ကျပ်သန်း ၄၆၅၆၊ စိုက်ပျိုးရေး၊မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန-ကျပ်သန်း ၉၄၉၊ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန- ၈၇၂၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန-ကျပ်သန်း ၃၆၈၊ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန- ကျပ်သန်း ၂၉၉ တို့ဖြစ်​ပါတယ်​။

ဒါပြင့်​ ချင်းပြည်​နယ်​တွက်​ ပြည်​​ထောင်​စုကချ​ပေးထားတဲ့ဘတ်​ဂျက်​ထဲမှာလည်း ​ဆောက်​လုက်​​ရေးဝန်​ကြီးဌာနက အများဆုံးရရှိထားပါတယ်​။

ပြည်​​ထောင်​စုဘတ်​ဂျက်​က ​​ပြည်​နယ်​ဆောက်​လုပ်​​ရေးဝန်​ကြီးဌာနကို ကျပ်​သန်း​ပေါင်း ၂၈,၉၄၅ ချထားပြီး ဒုတိယအများဆုံးမှာ ပညာ​ရေးဝန်​ကြီးဌာန ကျပ်​သန်း​ပေါင်း ၂၄,၆၃၃၊ တတိယအများဆုံးမှာ ကျန်းမာ​ရေးနှင့်​အားကစားဝန်​ကြီးဌာန ကျပ်​သန်း​ပေါင်း ၁၈,၃၀၂ တို့ဖြစ်​ပါတယ်​။

Zalen

error: Content is protected !!