နိုင်ငံရပ်ခြား ပင်လယ်ပြင်မှာ မိသားစုအတွက် အသက်စွန့်ပြီးငွေတွေရှာ. . . .ဖောက်ပြန်တဲ့ ဇနီးကြောင့် ဘ၀တွေပျက်

သင်္ဘောသားနှစ်ယောက် ရေထဲခုန်ချပြီး Suicide လုပ်မှာစိုးလို့ မျက်ချေမပြတ်စောင့်ကြည့်ခဲ့တာ ဖေဖော်ဝါရီလထဲမှာနှစ်ဦးရှိခဲ့တယ်အကြောင်းအရင်းကတော့ မိန်းမကိစ္စအတွက်နဲ့ပါသူတို့နှစ်ယောက် ဖြစ်ပုံကဆင်တူလေး…ပထမတစ်ယောက်က အရာရှိမဟုတ်တဲ့သူ ဒုတိယတစ်ယောက်ကအရာရှိ…နှစ်ယောက်စလုံးကမြန်မာနိုင်ငံသား ရန်ကုန်မှာနေတယ်…

#ပထမတစ်ယောက်အကြောင်းပြောမယ်.သူက အိမ်ထောင်ရှိတယ် ကလေးနှစ်ယောက်အဖေသူသင်္ဘောလိုက်နေတဲ့အချိန် ကျန်ခဲ့တဲ့သူ့ဇနီးက နောက်ကွယ်မှာ
အိမ်ထောင်ရေးဖောက်ပြန်လို့ပြသနာတွေအကြီးအကျယ်တက်ခဲ့တယ်….ပြီးတော့……သူတို့နှစ်ယောက် ကျောခိုင်းလိုက်ကြတယ်….။

ကျောခိုင်းတယ်ဆိုပေမယ့် တရားဝင်မကွာရှင်းရသေးဘူး…။အချိန်ကာလတစ်ခုရလာတော့ သူဟာ ရည်းစားတစ်ယောက်ရလာတယ်။သူဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေ သူ့ရည်းစားကိုအကုန်ပြောပြတယ်။ကောင်မလေးကခွင့်လွှတ်တယ် ၊ ဘာလို့လဲဆို သူလည်းအမှားမကင်းခဲ့သူဖြစ်ခဲ့လို့ကောင်မလေးလည်း တခြားရည်းစားတစ်ယောက်နဲ့ခိုးရာလိုက်ပြေးဖူးတယ်ဆိုတာ ကောင်လေးကိုဖွင့်ပြောဖူးတယ်ကောင်လေးက ဒါကိုနားလည်ခွင့်လွှတ်ပြီးသား…။(ဒါကတော့ သူတို့နှစ်ယောက်အပြန်အလှန် ခွင့်လွှတ်နားလည်းပေးကြတဲ့သဘော)

သူ့ကိုတကယ်လက်ထက်ရင် အရင်မိန်းမနဲ့ တရားဝင်ကွာရှင်းပေးဖို့ကောင်မလေးက တောင်းဆိုတယ်ကောင်လေးက သဘောတူပြီး အရင်မိန်းမနဲ့တရားဝင်ကွာရှင်းလိုက်တယ်။ တရားဝင်ကွာရှင်းလိုက်တဲ့ပွဲမှာ ကောင်မလေးကသက်သေအဖြစ်လက်မှတ်ထိုးပေးတယ်။တရားဝင်ကွာရှင်းတဲ့ကိစ္စပြီးမြောက်သွားတယ်။(အဲ့ဒီအချိန်မှာ ကောင်လေးရဲ့အရင်မိန်းမမှာ ဖောက်ပြန်ထားသူနဲ့ရထားတဲ့ ကိုယ်ဝန်ကိုလွယ်ထားပီးနေပြီ)

ဒီလိုနဲ့ သူတို့နှစ်ယောက်သမီးရည်းစားဘဝနဲ့ (၄)နှစ်လောက်အချိန်ကုန်လာခဲ့တယ် သူတို့နှစ်ယောက်လက်ထပ်ဖို့ ပြင်ဆင်ကြတယ် ငွေစုကြတယ်၊ အိမ်ဆောက်ကြတယ်။မင်္ဂလာခန်းမငှါးဖို့ ကြိုတင်ပြီးဘိုကင်ယူကြတယ်၊ခန်းမအတွက်စရံငွေတွေချေတယ်၊သူတို့ငှါးတဲ့ခန်းမက ရန်ကုန်မြို့ရဲ့ ကျော်ကြားတဲ့ခန်းမတွေဖြစ်တာမို့ (၁)နှစ်ကြို ပြီး စရံသတ်ရတယ်။မင်္ဂလာဆောင်ဖို့အားလုံးကြိုတင်ပြင်ပြီးပြီ။

ကောင်လေးက ပိုက်ဆံထပ်ရှာဖို့သင်္ဘောတစ်ခေါက် ထပ်လိုက်တယ်။သင်္ဘောကန်ရိုက်က (၁ဝ)လ စာချုပ်ချုပ်ထားတော့ဆယ်ပြည့်တဲ့အထိစီးရတယ်။သူရတဲ့ လစာကို ကောင်မလေးဆီအကုန်ပို့တယ်။ကောင်မလေးဆီမှာ သိန်းတစ်ရာနီးပါးလောက် စုမိသွားတယ်၊ကောင်လေးသင်္ဘောလိုက်တာ ဆယ်လပြည့်လို့ပြန်ခါနီးမှာပြသနာက စ တော့တာပဲ…ကောင်မလေးက ရဲမေ(ရဲအရာရှိ)လုပ်မယ်ပြောတယ်ကောင်လေးက လက်မခံဘူး ရဲအရာရှိလုပ်မယ်ဆိုရင် အိမ်ထောင်မရှိ လူလွတ်ဖြစ်ရမယ်လို့ စည်းကမ်းချက်တွေရှိတယ်ဆိုတာ ကောင်လေးကသိထားတယ်။

မင်္ဂလာဆောင်ဖို့ရက်ကလည်းနီးနေပြီ..။ ကောင်မလေးက သူဝါသနာပါတဲ့ရဲအရာရှိသင်တန်းတက်မယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ကောင်လေးကိုကလန်ကဆန်လုပ်တယ်။ကောင်လေးကလည်း မင်္ဂလာဆောင်ဖို့ ရက်ကနီးနေပြီမဖြစ်နိုင်ဘူးဆိုပြီး အခြေအတင်ဖြစ်ကြတယ်။ဒါပေမယ့် ဘယ်လိုမှညှိနှိုင်းလို့မရခဲ့ဘူး……။
ကောင်မလေးက အဆက်အသွယ်စဖြတ်တယ်ကောင်လေးက နေ့စဉ်လိုလို ငိုတယ်သူ့ စိတ်တွေက ပုံမှန်မဟုတ်တော့ဘူးSuicide မလုပ်မိစေဖို့ အားလုံးကစောင့်ကြည့်နေရတယ်သင်္ဘောပေါ်မှာ Suicide လုပ်တာအလွယ်ဆုံးပဲရေထဲခုန်ချလိုက်ရင်ဘယ်သူမှမသိဘူး၊အလောင်းတောင်ပြန်ရှာဖို့မလွယ်ဘူး။သူ့ကို ဂရုစိုက်နေရတာအလုပ်တစ်ခုလိုဖြစ်နေတယ်။

ရက်အနည်းငယ်အကြာမှာ သင်္ဘောကမ်းကပ်တော့ သူအိမ်ပြန်ခွင့်ရသွားတယ်…အားလုံးကသူ့ဘက်မှာရှိတယ်သူငယ်ချင်းတွေရဲ့အားပေးမှူကြောင့် အားအင်အပြည့်နဲ့သူ ရန်ကုန်ကိုရောက်ခဲ့တယ်။ သူ ကောင်မလေးနဲ့ဆုံတယ်….ညှိနှိုင်းကြည့်တယ်……။နောက်ဆုံးညှိနှိုင်းမရတော့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ရတယ်။လမ်းခွဲရတဲ့အချိန်မှာ ကောင်လေးရှာထားတဲ့ သိန်းတစ်ရာနီးပါးဟာ ၄၇သိန်းပဲ ကောင်မလေးပြန်ပေးတာကိုလက်ခံလိုက်ရတယ်။

သူတို့နှစ်ယောက် မင်္ဂလာဆောင်ဖို့အတွက် ခန်းမအတွက် စရန်ငွေတွေအားလုံးဆုံးရှူံးလိုက်ရတယ်။ ကောင်လေးဟာ အခုဆိုရင် တစ်ကိုယ်ရည်ခရီးတွေထွက်ပြီး ကိုယ့်စိတ်ကိုပြန်ကုစားနေရတယ်……။

ဒါကတော့ ပထမတစ်ယောက်အကြောင်းပါ……………..။

#ဒုတိယတစ်ယောက်အရာရှိအကြောင်း….

သူကတော့ အိမ်ထောင်သယ် ခလေးတစ်ယောက်ရှိတယ် သင်္ဘောလိုက်တာဆယ်နှစ်ကျော်ရှိပြီး..။ သူသင်္ဘောပေါ်ရောက်ပြီး ဆယ်လပြည့်ချိန်မှာ သူ့အမျိုးသမီးက စ ပြီးဖောက်ပြန်တယ်…။သူ့အမျိုးသမီးရဲ့ငယ်ချစ်ဟောင်း နဲ့တွဲတယ်…တွဲတာကိုမြင်တွေ့တဲ့ သူငယ်ချင်းက သူ့ဆီသတင်းပို့တယ်၊သတင်းကြားရတဲ့နေ့မှာသူ ရူးရမလောက်အထိဖြစ်သွားတယ်… သူ နေ့တိုင်းလိုလို ငို တယ်….အလုပ်လည်းကောင်းကောင်းမလုပ်နိုင်ဘူး…ဂျုတီပြီးရင် အခန်းထဲမပြန်ဘူးကုန်းပတ်ပေါ်တက်တယ်ဖုန်းတစ်လုံးကိုင်ပြီး လိုင်းမိအောင်လျှောက်ပတ်နေတယ်သူ့ဇနီးနဲ့ စကားပြောရဖို့ ဇောကပ်နေတယ်

သူများတွေဆီမှာ အရက်လိုက်တောင်းတယ်….အရက်မူးလာရင် ပိုဆိုးတယ် သူချစ်တဲ့ဇနီး သူချစ်တဲ့သူ့ရင်သွေးအကြောင်းကိုပြောပြောပြီးငိုတယ်၊သူအရမ်းခံစားနေရမှန်းအားလုံးကသဘောပေါက်ကြတယ်အရက်သောက်ရင်ပိုဆိုးတာမို့ နောက်ရက်တွေမှာသူ့ကိုဘယ်သူမှအရက်မတိုက်ကြဘူး…ပထမတစ်ယောက်လိုပဲ သူ့ကိုအားလုံးကစောင့်ကြည့်ရတယ်အားလုံးကလည်းသူ့ကို အားပေးနှစ်သိမ့်တယ်…တချို့လူတွေဆို သူ့ကိုယ်စားမခံနိုင်လို့ခံပြင်းပြီး တောက် ခေါက်တဲ့သူခေါက်
နံရန်ကိုလက်သီးနဲ့ထိုးတဲ့သူထိုးဒေါသတွေထွက်ကြတယ်။ ရှေ့တစ်ယောက်လည်းဖြစ်ထားတာမကြာသေးတော့ ကျန်ခဲ့တဲ့ချစ်သူတွေအပေါ် ဇနီးတွေအပေါ် စိတ်မချချင်သလိုလိုဖြစ်လာကြတယ်။

ကျန်တဲ့သင်္ဘောသားတွေအပေါ်ပါ သူ့ရဲ့အပူမီးက တခြားသူတွေပါကူးစက်စေခဲ့တယ်။

ရက်တွေတိုင်း ဒီအတိုင်းပဲ သူ ထမင်းမစားဘူး မအိပ်ဘူး အချိန်ရှိသရွေ့ ပင်လယ်ပြင်ကိုငေးကြည့်ရင့် ငိုတယ် . . .ကြာလာရင် သူ့ကျန်းမာရေးထိမှာစိုးလို့ သူ့ကိုဝိုင်းအကြံပေးကြတယ်၊ သူ့ကို လမ်းနှစ်ခုရွေးချယ်ခိုင်းတယ်…။ ကွဲ မလား ပြန်ပေါင်းမလား ကွဲရင်ဒီလိုလုပ်….ပြန်ပေါင်ပေါင်းရင် ဒီလိုပေါ့… သူ့ကို တစ်ခုရွေးခိုင်းတယ်၊

သူ့မိသားစုအပေါ် သူအတော်ချစ်ပုံရတယ် သူမခွဲနိုင်ဘူး…ခွင့်လွှတ်စိတ်နဲ့ဆက်ပေါင်းမယ်ဆိုတာကို . . သူရွေးချယ်ခဲ့တယ်…သူ့ ကလေးကိုလည်း သူအရမ်းချစ်တယ်သူမခွဲနိုင်ဘူးဆိုတာဖွင့်ဟြေလေ့ရှိတယ် . . သူ ပြုစုပျိုးထောင်လာခဲ့တဲ့မိသားစုတစ်ခု. . ပြိုကွဲမခံနိုင်ဘူးဆိုတာထင်ရှားတယ်။

သူအခု အဆင်ပြေသွားပြီ…..သူ့ရဲ့ခွင့်လွှတ်စိတ်နဲ့ ပြိုကွဲတော့မယ့် မိသားစုတစ်ခုကို သူပြန်ထိန်းနိုင်ခဲ့တယ်…..။ ဘာလို့လဲ…..ဆို…သူဟာ သူ့မိသားစုအပေါ် ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ အရာရာကိုခွင့်လွှတ်ပေးနိုင်တဲ့လူဖြစ်တယ်လို့ အားလုံးက သဘောပေါက်တယ်။

ဒါကတော့ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ..မြန်မာသင်္ဘောသားနှစ်ယောက်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။

ပင်လယ်ပျော်များ ဘေးကင်းပြီး ချစ်တဲ့မိသားစုနဲ့ထာဝရပျော်ရွှင်နိုင်ကြပါစေ…ပင်လယ်ပျော်တွေရဲ့ ဇနီး (သို့မဟုတ်)ချစ်သူ တွေကလည်း ကိုယ်ချစ်တဲ့သူအပေါ်ကို သစ္စာရှိရှိ နဲ့အိမ်ထောင်ရှင်ကောင်း/ချစ်သူကောင်း ပီသကြပါစေ……..။

Hla Phone

error: Content is protected !!