နာမည်ကြီး အဆိုတော်တွေက သူ့ သီချင်းတွေ ကို အခကြေးငွေယူပြီး ပြန်လည်သီဆိုတဲ့အတွက် သီချင်းမူပိုင်ခွင့်ကြော်ငြာချက်ထုတ်ပြန် လိုက်တဲ့ သာဒီလူး

တေးရေး တေးဆို သာဒီလူးရဲ့ သီချင်းတွေကို မူရင်းပိုင်ရှင်တွေရဲ့ ခွင့်ပြုချက် မရှိပဲ သီဆိုကြတဲ့အတွက် သာဒီးလူးနဲ့ KSMT Music Production ကနေ ကြော်ငြာချက်တစ်စောင်ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး သာဒီးလူ ရဲ့ ပရိုဂျူဆာဖြစ်သူကိုကျော်စွာမြင့်သန်း က ပြောပြခဲ့ပါတယ်။

“အဓိကကတော့ ကိုယ်ဖန်တီးထားတဲ့ အနုပညာကို သီချင်းတစ်ပုဒ် ပေါက်တာပဲ ဖြစ်ဖြစ် မပေါက်တာပဲဖြစ်ဖြစ် အဲဒီသီချင်းအတွက် အချိန်တွေ ငွေတွေ ပေးဆပ်ထားရတာပါ။သာဒီးလူဆိုလည်း သူရဲ့နှလုံးသားကို အများကြီး အပင်ပန်းခံ ဖန်းတီးထားရထားလေ။ အကုန်လုံးက စုဆောင်းပြီးတော့ အပင်ပန်းခံလုပ်ထားရတာ။ ဒါကြောင့် ကိုယ့်ပစ္စည်းကို ကာကွယ်လိုက်တာပါ။ အဓိကတားတာက ပရောဖက်ရှင်နယ်ဆိုတဲ့ အဆိုတော်တွေပေါ့နော်။ သူတို့နာမည်ကျော်ကြားဖို့အတွက် ကျွန်တော်တို့ သီချင်းတွေကို ဆိုနေတယ်။ ကျွန်တော်တို့တွေ့နေတယ်။

ယူထားတဲ့အနုပညာကြေးကလည်း ကျွန်တော်တို့ အဆိုတော်တွေရဲ့ လက်ရှိပေါက်နေတဲ့ အဆိုတော်တွေကြေးလောက်ယူထားတယ်။ ကျွန်တော်တို့သီချင်းတွေနဲ့ အကြောင်းမကြားဘူး။ ကျွန်တော်တို့က အဲ့ဒါတွေ တားလိုက်တဲ့သဘောပါပဲ။သီချင်းတွေကို ယူ ဆိုနေတဲ့ အဆိုတော်လည်း သိပါတယ်။ သူတို့ရဲ့ ဂုဏ်သိက္ခာကြောင့် သူတို့လည်းမပြောဘူး။ ကျွန်တော်တို့ဟာကိုပဲ ကာကွယ်လိုက်တယ်။

ငါးသောင်း တစ်သိန်းနဲ့ရတဲ့ ရပ်ကွက်ထဲမှာ ဆိုနေတဲ့သူတွေကို မပြောပါဘူး။ ပရောဖက်ရှင်နယ်ဆန်ဆန်ဆိုနေတဲ့သူတွေကို အဓိကပြောတာ။ ကျွန်တော်တို့ကို အသိပေး အကြောင်းကြားပြီး လေးစားဖို့ပါပဲ။” လို့ အကုန်သိသတင်းဌာနရဲ့ မေးမြန်းမှုကို ကို ကျော်စွာမြင့်သန်း က ပြောပြခဲ့တာပါ။

KSMP Music Page ကနေ ကြော်ငြာချက်ကို ဖော်ပြခဲ့ပြီး ယခုလို ဥပဒေအရလုပ်ဖြစ်တဲ့အကြောင်းကိုလည်း ဆက်လက်ပြီး “ကြော်ငြာချက်ထုတ်ပြီးတဲ့အချိန်ကစပြီး သီချင်းတွေဆက်ဆိုရင်တော့ အရေးယူတော့မယ်လည်းပြောပါတယ်။ KSMP Music Page ကနေ ၂လပိုင်းတုန်းကလည်း အသိပေးဖူးတယ်။ အသိပေးတဲ့အချိန်မှာလည်း သူတို့ထပ်ဆိုတယ်။ အဲ့ဒါ မလေးမစားလုပ်တာလား။ တရားမဝင်သေးလို့လား။ အဲဒါကြောင့် ကျွန်တော်တို့ရှေ့နေနဲ့ တိုင်ပင်ပြီးတော့ သတင်းစာထဲ ကြေငြာလိုက်တာပါ။ ဥပဒေအရ လုပ်ပေးမယ်။ အဲဒါမှ ပိုပြီး တရားဝင်ပြောလို့ အခုလိုလုပ်လိုက်တာပါ။” လို့ပြောပါတယ်။

သာဒီးလူ က လက်ရှိမှာတော့ တစ်ကိုယ်တော်အခွေနှစ်ခွေ ထွက်ရှိထားပြီး ယခုလိုကြော်ငြာချက် ထုတ်ပြန်ရချင်းမှာ နာမည်ရအဆိုတော်တွေ က အခကြေးငွေယူပြီး ပြန်လည်သီဆိုမှုတွေကြောင့်လို့သိရပါတယ်။

#AKonThi

error: Content is protected !!