၎-နှစ် အရွယ် မိန်းကလေးကို အဓမ္မပြုကျင့် သူကို ဖမ်းဆီး

လှိုင်းဘွဲ မတ် ၁၄

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မတ်လ ၁၃ ရက်နေ့နံနက်ပိုင်းက အသက် (၄-နှစ်၊ ၄-လ)အရွယ် မိန်းကလေးငယ်တစ်ဦးကို သားမယားအဖြစ် ပြုကျင့်ခဲ့သူသည့်သက်ငယ်မုဒိမ်းမှုကျူးလွန်သူအား နယ်မြေခံရဲတပ်ဖွဲ့ဝင်များက အချိန်မီဖမ်းဆီး၍ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိရသည်။

မတ်လ ၁၃ ရက်နေ့ နံနက် ၁၁နာရီ ၃၀မိနစ်အချိန်ခန့်က လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူး ကျေးရွာအုပ်စု၊ ကုလားစုကျေးရွာနေ ဒေါ်မိသိန်း(ခ)ဟာဆွေနာဘီ၏ သမီးဖြစ်သူ မနှင်းအိဖြူ(ခ)ဇိုနိုင်ဒါ(၄-နှစ်၊ ၃-လ)အရွယ် အမျိုးသမီးငယ်သည် နေအိမ်ခြေရင်းဘက်တွင်ကလေးငယ်များနှင့်အတူ ဆော့ကစားရာမှ ငိုယိုပြီးပြန်လာသဖြင့် မေးမြန်းကြည့်ရာ တစ်ခြံကျော်တွင် နေထိုင်သည့် ကမာဒင်(၃၂-နှစ်)မှ မနှင်းအိဖြူတို့ဆော့ကစားသည့်နေရာသို့ရောက်ရှိလာပြီး သမီးငယ်အား ပိန္နဲသီးအနုခူးရန်ခေါ်ဆောင်သွားသည်။

ထို့နောက် ရာဘာခြံနှင့်ကျွန်းခြံအစပ် မရမ်းပင်အောက်တွင် သမီးဖြစ်သူ၏ ဘောင်းဘီအားချွတ်ကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် မိခင်ဖြစ်သူ ဒေါ်မိသိန်း(ခ)ဟာဆွေနာဘီ(၄၀-နှစ်)မှ အသက်(၄-နှစ်၊ ၄-လအရွယ်)သမီးဖြစ်သူ မနှင်းအိဖြူ(ခ)ဇိုနိုင်ဒါအား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သူ ကမာဒင်အား ဥပဒေအရ အရေးယူပေးရန်လှိုင်းဘွဲမြို့မ ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့မှုဖြစ်ကြောင်း သိရသည်။ထို့ကြောင့် ကမာဒင်အား လှိုင်းဘွဲမြို့မရဲစခန်းက (ပ)၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့

error: Content is protected !!